Skip to main content

Apr 24, 2022

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင်အတွင်း ဧပြီ ၂၀ ရက်က ဖြစ်ပွားခဲ့သည့်  မိုးသက် လေပြင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များနှင့် လေပြင်းသင့် ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ၊ အိမ်ဆောက် ပစ္စည်းတန်ဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂  နာရီတွင် လယ်ဝေးမြို့ အားကစားလေ့ကျင့် ရေးစခန်းအမှတ်(၂)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်   ကောင်စီဝင်များ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်  တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၁-ခုနှစ် နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်သော  သားကောင်းတမန် မဂ္ဂဇင်း ထုတ်ဝေခြင်းအခမ်းအနားကို ယနေ့နံက် ၁၁ နာရီက ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

နွေလယ်ကာလဖြစ်သည့်အတွက် အချို့ဒေသများတွင် နေ့အပူချိန် များ မြင့်မားလျက်ရှိရာ သက်ကြီး ရွယ်အိုများ၊ ကလေးငယ်များနှင့် သွေးတိုး၊ ဆီးချို၊ နှလုံး စသည့်ရောဂါအခံရှိသူများ အပူဒဏ်ကြောင့် အန္တရာယ်မကျရောက်စေရန် ဂရုပြုကြရမည်ဖြစ်သည်။ ရာသီဥတု ပူပြင်းမှုကြောင့်    ချွေးထွက်လွန်ကာ    ခန္ဓာကိုယ်ရေဓာတ်နှင့် ဓာတ်ဆားတို့ ဆုံးရှုံးမှုများပြားပြီး ပင်ပန်းနွမ်းနယ်မှုနှင့် မူးမော် ခြင်း၊ ပိုမိုပြင်းထန်လာသည့်အခါ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) တို့အထိ ခံစားရနိုင်သည့် အတွက် ဥတုသပ္ပါယ မျှတအောင် နေထိုင်ကြရန်လိုသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသော ဆန်နှင့်ဂျုံများအား သိုလှောင်ရုံများအတွင်း စနစ်တကျ ထားရှိမှုနှင့် ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ ပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ် ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ ကျော်စိုးထက်(ခ) ကျော်စိုး(ခ) ကျောင်းဆရာ(ဘ)ဦးအောင်အောင်နှင့် ရဲရင့်ထူး(ခ) ရဲကြီး(ဘ) ဦးစန်းထွန်း တို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခဲ့ခြင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်အနီးရှိ ရဲကင်းစခန်း အပါအဝင် အများပြည်သူများ သွားလာလျက်ရှိသည့် နေရာများအား လက်လုပ်မိုင်း များဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် လည်းကောင်း၊ အဆိုပါရပ်ကွက်နေ ဌေးသန္တာ(ခ) ဌေးစန္ဒာ(ခ)ဌေးဌေး(ဘ)ဦးဘို သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြမှုများတွင်ပါဝင်ခြင်း၊

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိစက်ရုံသို့ ရောက်ရှိရာ စက်ရုံမှူးက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌  ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် ရခိုင်ပြည် နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မြောက်ဦးမြို့ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး နိုင်ငံတော်ဩဝါဒစရိယ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ပညာသာမိအား ဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာကိစ္စများ လျှောက်ထားသည်။

ဆက်လက်ဖတ်ရှုရန်