Skip to main content

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၁-ခုနှစ်  သားကောင်းတမန်မဂ္ဂဇင်း ထုတ်ဝေ

ရန်ကုန် ဧပြီ ၂၃

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၁-ခုနှစ် နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်သော  သားကောင်းတမန် မဂ္ဂဇင်း ထုတ်ဝေခြင်းအခမ်းအနားကို ယနေ့နံက် ၁၁ နာရီက ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသည်။

အခမ်းအနားသို့    နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ၂၀၂၁-ခုနှစ်၏ သားကောင်းတမန် မဂ္ဂဇင်းထုတ်ဝေရေး ကော်မတီ ဝင်များ၊ စာမူရှင်များ၊ ကြော်ငြာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ  တက်ရောက် ကြသည်။

ရှေးဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အမှာစကား ပြောကြားပြီး စာမူရှင်များကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်ဆွေ (အငြိမ်းစား)က  နှုတ်ခွန်းဆက်စကား ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်မဂ္ဂဇင်း များကို  ၁၉၉၇-ခုနှစ်မှ  စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ယခုထုတ်ဝေသော ၂၀၂၁-ခုနှစ် သားကောင်းတမန် မဂ္ဂဇင်းသည်  (၂၃) ကြိမ်မြောက် ထုတ်ဝေသော စာအုပ်ဖြစ်၍  ထိုမဂ္ဂဇင်းတွင် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဝါရင့်သံတမန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ပြင်ပစာမူရှင်များက ၎င်းတို့ကြုံတွေ့ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံဗဟုသုတများ၊ သံတမန်ရေးရာနှင့် နိုင်ငံတကာရေးရာများကို မြန်မာ ဘာသာနှင့်  အင်္ဂလိပ်ဘာသာတို့ဖြင့်   သုတ၊  ရသ စုံလင်စွာ ရေးသားထားကြောင်း သိရသည်။

သတင်းစဉ်