Skip to main content

Apr 25, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့သည် ယနေ့နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)သို့ ရောက်ရှိစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးကိုနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဒက္ခိဏသီရိမြို့နယ် ရွှေပြည်တော်ဝင် သာမဏေကျော် ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သား သာမဏေများအတွတ် ဆွမ်းဆန် တော်၊ ဆီ၊ ပဲနှင့် ကြက်ဥများ လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက ရေထွက်ကုန်လုပ်ငန်းများဖြစ်သည့် ရတနာသိင်္ဂီအအေးခန်းစက်ရုံ၊ Golden Boy Limited ၊ ကြို့ကုန်း ငါး ပုစွန် အအေးခန်း၊ မြင့်မြတ်ဟိန်း ကုမ္ပဏီလိမီတက်တို့၏ ပြည်ပပို့ကုန် ငါး ပုစွန် အေးခဲလုပ်ငန်းများနှင့် ရေထွက်ပစ္စည်း ကုန်ချောထုတ်လုပ်မှု လုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၂ ရက် နံနက်ပိုင်းက မအူပင် - တွံတေးလမ်း မိုင်တိုင် (၂၃/၅-၂၃/၆)ရှိ မဒိုင်းချောင်းတံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် အချောသပ်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

နိုင်ငံတစ်နိုင်ငံတွင် ကိန်းဂဏန်းအချက်အလက် မှန်ကန်ရေးသည် အလွန်အရေးပါသော ကိစ္စဖြစ်သည်။ လုပ်ငန်းကိစ္စ အရာရာတိုင်းတွင် ကိန်းဂဏန်းအချက်အလက် အထောက်အထားများ တိကျမှန်ကန်စွာ ရရှိနိုင်ပါက ထိုလုပ်ငန်း ကိစ္စရပ်များသာမက အစစအရာရာတွင် ပိုမိုအဆင်ပြေ ချောမွေ့မည်ဖြစ်သည်။ ထို့ကြောင့် ကိန်းဂဏန်းအချက်အလက်၊ သုတေသနမှတ်တမ်းများ စနစ်တကျ မှတ်တမ်းတင်ထားနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 25, 2022

ရေချို ရေငန် ငါး ပုစွန်များ မျိုးမတုံးစေရေးအတွက် ၎င်းတို့၏ မိတ်လိုက်ချိန်နှင့် မျိုးပွားရာသီချိန်ကာလများတွင် ဖမ်းဆီးခြင်း၊ ဝယ်ယူစုဆောင်းခြင်း မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်ထားသည်။ မြန်မာနိုင်ငံတွင် ကုန်းတွင်းပိုင်း မြစ်‌ချောင်း အင်းအိုင်များ၌ ရေချိုငါးလုပ်ငန်းများနှင့် ပင်လယ်ပြင် ကမ်းနီး ကမ်းဝေး ရေငန် ငါးလုပ်ငန်းများရှိရာ ငါး ပုစွန်များ ရေရှည်ထုတ်လုပ် စားသုံးနိုင်ရေးအတွက် အလွန်အကျွံ ဖမ်းဆီးမှုများ မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

ကျန်မာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဦးမောင်ကို ဦးဆောင်သည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်