Jun 05, 2022
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ ကမ်းနားလမ်းတွင် ရန်နိုင်စိုး(ခ)ခေါင်းပြား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ ကိုလည်းကောင်း၊ အလားတူ ဇွန် ၃ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော
Jun 05, 2022
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်)ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၇ နာရီတွင် အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက် အောက်မင်္ဂလာဒုံလမ်းရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်)ကျောင်းသို့ သွားရောက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတို့၏
Jun 05, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့်ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
Jun 05, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 05, 2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ ပိုမိုအောင်မြင်စေရေး ကွင်းဆင်းဆောင်ရွက်သည်။
Jun 05, 2022
ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော ပိုက်ကျော်ခြင်းကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ်၌ ကျင်းပသည်။
Jun 05, 2022
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား ဇွန်လ ၃ ရက်နေ့က နိုင်ငံတော်က ဂုဏ်ပြုဆုများချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အခမ်းအနားသို့တက်ရောက်၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပေးပြီး ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ၏ အားသာချက်၊ အားနည်းချက်များနှင့် လာမည့်အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ပိုမိုရရှိရေးအတွက် လမ်းညွှန်မှာကြားအားပေးခဲ့သည်။
Jun 05, 2022
နိုင်ငံအလိုက် ယှဉ်ပြိုင်ကြရသည့် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံအတွက် ဂုဏ်သိက္ခာမြင့်မား ခြင်းပင်ဖြစ်သည်။ အောင်မြင်မှုမြင့်မားလျှင် မြင့်မားသလောက် နိုင်ငံ၏ဂုဏ်သိက္ခာလည်း မြင့်မားခြင်းပင်ဖြစ်ရာ ပြိုင်ပွဲဝင်နိုင်ငံတိုင်းက မိမိတို့၏အားကစားအဖွဲ့များ ပြိုင်ပွဲတိုင်းတွင် အောင်နိုင်ရေးအတွက် အားပေးမြှင့်တင်မှုများ ပြုလုပ်ကြသည်။ ပွဲမဝင်ခင် အပြင်ကကျင်းပ ဆိုသည့်အတိုင်း ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများဖြင့် အမြင့်ဆုံးအောင်မြင်မှုများ ရရှိအောင် အောင်နိုင်ရေးစိတ်ဓာတ်အပြည့်ဖြင့် ကြိုးပမ်းစွမ်းဆောင်ကြသည်။
Jun 04, 2022
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ်အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။