Jun 16, 2022
ဇွန်လ ၁၅ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ရှိ မြို့နယ် ပြည်သူ့ဆေးရုံဝင်း အတွင်းသို့ PDF အမည်ခံ အကြမ်းဖက် သမားများ ပစ်ခတ်ခဲ့သည့် လက်လုပ်စိန်ပြောင်း ကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့၍ ဆေးရုံဝင်းအတွင်းရှိ ဓာတ်မှန်ဆောင်အမိုးနှင့် မျက်နှာကျက်တို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
Jun 16, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသည်။
Jun 16, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
Jun 16, 2022
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင် းမရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော မန္တလေးတိုင်းဒေသကြီးအတွင်းမှ PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံလွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ်ကျင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်အောင်အောင်နှင့် တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
Jun 16, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ရောက်ရှိနေသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။
Jun 16, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
Jun 16, 2022
(၁၃)ကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီညှိနှိုင်းအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကြီးမှူး၍ ဇွန် (၁၃) ရက်မှစတင်ပြီး Virtual စနစ်ဖြင့်ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးသိန်းဆွေက အလှည့်ကျဥက္ကဋ္ဌအဖြစ် တက်ရောက်ဆောင်ရွက်သည်။
Jun 16, 2022
(၁၉)ကြိမ်မြောက် အာဆီယံ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနကကြီးမှူး၍ Video Conferencing စနစ်ဖြင့် ကျင်းပရာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ပါဝင်တက်ရောက်သည်။
Jun 16, 2022
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာ မျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ်(၁၆)ကို “ နိုင်ငံတော်၏ပုံသေပိုင်ပစ္စည်းများထိန်းသိမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့်ဆုံးရှုံးမှုများအား အရေးယူဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမတွင် ကျင်းပသည်။
Jun 16, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၈၄ (၂၀၂၂)ခုနှစ်အတွက် ပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့်လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုခဲ့ကြရာ ပထမကြီးတန်းတွင် ဖြေဆိုသူ (၅၃၈၈) ဦးအနက် (၁၃၇၁)ဦးအောင်မြင်၍ (၂၅.၄၅) ရာခိုင်နှုန်း၊ ပထမလတ်တန်းတွင် ဖြေဆိုသူ (၆၀၇၆) ဦး အနက် (၂၇၂၆) ဦးအောင်မြင်၍ (၄၄.၈၇) ရာခိုင်နှုန်း၊ ပထမငယ်တန်းတွင် ဖြေဆိုသူ (၁၀၈၈၀)ဦးအနက် (၂၀၅၁) ဦးအောင်မြင်၍ (၁၈.၈၅) ရာခိုင်နှုန်း၊ အခြေပြုမူလတန်းတွင် ဖြေဆိုသူ (၁၆၃၈၉) ဦးအနက် (၉၄၆၅) ဦးအောင်မြင်၍ (၅၇.၇၅) ရာခိုင်နှုန်း အောင်မြင်ကြသည်။