Skip to main content

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော် မတ် ၂၀

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅) နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင် ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အေးသာယာမြို့၊ ကလော မြို့၊ အောင်ပန်းမြို့၊ ဟိုပုံးမြို့၊ ပင်လောင်းမြို့နယ်။ ဖယ်ခုံမြို့၊ လွိုင်လင်မြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့ ဘော်လခဲမြို့နယ်များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်နှင့် မှော်ဘီမြို့နယ်များ အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များနှင့် စာချ၊ စာသင် သံဃာတော်များအား သတ်မှတ်နေရာအသီးသီး၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ် အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား သတ်မှတ် နေရာအသီးသီး၌ လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့များက CDM တွင်ပါဝင်ခြင်းမရှိဘဲ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ဆောင်ရွက် ပေးနေသည့် ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးကြသည်။

 

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သံဃာတော် များအား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်