နေပြည်တော် အောက်တိုဘာ ၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁ ရက် ညနေ ၄ နာရီတွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်နေ အောင်ဝင်း(ခ)အဲဝင်း ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို ကိုလည်းကောင်း။
ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေးမြို့၊ အောင်သုခရပ်ကွက်၊ အုန်းတောလမ်းနေ ဇင်နီကျော် (ခ)ငန်းနီကျော် ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၈၀ ကိုလည်းကောင်း။
အောက်တိုဘာ ၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ် ကွက်၊ ၁၃၀ လမ်းနှင့် ၁၃၁ လမ်းကြား၊ ၆၂ လမ်းအနီးတွင် ကောင်းခန့်ဝေ(ခ)ဂူးဂူး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၅၀ ကိုလည်းကောင်း။ အောက်တိုဘာ ၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရမည်းသင်းမြို့နယ်၊ ရွာတန်း-ရမည်းသင်းသွား ကားလမ်း၊ မိုင်တိုင်အမှတ်(၇/၄)အနီးတွင် ဇော်ဝမ်း မောင်းနှင်ပြီး သန်းဇော်ဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၀၀ သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)