Nov 03, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူဝယ်ယူ နိုင်ရေးနှင့် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ် ကုန်သည် လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက် အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူး ရောင်းချသောကုမ္ပဏီ ခြောက်ခုမှ အိမ်သုံးဆေးဝါး ၈၆ မျိုးကို ရောင်းချပေးခဲ့သည်။
Nov 03, 2021
အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG အဖွဲ့သည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ငန်းများကို စတင်ဆောင်ရွက်ရန် စက်တင်ဘာလ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အချို့ဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ်များကို ဦးတည်လုပ်ဆောင် လျက်ရှိသည်။ ထိုသို့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာတွင် ဒေသခံပြည်သူလူထုအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ကျန်းမာရေးကိစ္စရပ်များ အတွက် အလေးထားအသုံးပြုလျက်ရှိသော လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူလူထုအား စိုးရိမ်ထိတ်လန့်စေ၍ မြို့၊ ရွာများတွင် မနေထိုင်ရဲစေရေး မြို့၊ ရွာများအား မီးရှို့ဖျက်ဆီးခြင်းများအပြင် ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
Nov 03, 2021
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း တို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် နံနက် ၁၀ နာရီခန့်တွင် လုံခြုံရေးပူးပေါင်း အဖွဲ့သည် ဒေါပုံမြို့နယ်နှင့် လှိုင်မြို့နယ်များတွင် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ရေးနှင့် ဖောက်ခွဲ ဖျက်ဆီးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော တရားခံများ သင်္ဃန်းကျွန်း မြို့နယ်၊ နနွင်းကုန်း ရပ်ကွက်၊ ဣစ္ဆာသယလမ်း၊ သုမင်္ဂလာအိမ်ရာ၊ ၃ လွှာ၊ အခန်း (၃၀၁)၊ တိုက်အမှတ်(၁)၌ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နိုင်ရဲထွန်း(၂၉)နှစ်၊ လင်းထက်ဆန်း (၃၁)နှစ်၊ နန္ဒအောင်လင်း(၂၃)နှစ်၊ ဇင်မင်းထက်(၁၈)နှစ်၊ မင်းဟိန်းခန့်(၁၉)နှစ်၊ ဆုမြတ်ထွေး (၂၃)နှစ်၊ ဇင်ကိုဟိန်း (၂၇)နှစ်၊ ရဲလင်းအောင်(၃၇)နှစ်၊ ဖန်မှူးအိမ် (၁၇)နှစ်တို့ ၉ ဦးအား ဖမ်းဆီးရမိခဲ့သည်။
Nov 03, 2021
ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရေှာက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ် စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
Nov 03, 2021
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ ကျုံပျော်မြို့၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေတောင်မြို့နှင့် ပေါင်းတည်မြို့တို့၌ ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
Nov 03, 2021
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်ဘူတာကြီးမှ သတင်းနှင့်ပြန်ကြားရေးတွဲဖက်ဖြစ်သူ ဦးထိန်ဝင်း(ခ)ရန်ကင်းမောင်သည် ဗိုလ်တစ်ထောင်မြို့နယ်၊ ဝန်ထမ်းအိမ်ရာမှ တိုင်း(၆) ရုံးသို့ ဗိုလ်မင်းရောင်လမ်းအတိုင်း မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ယာဉ်အမှတ်(စိစစ်ဆဲ)ပေါ်မှ ဆင်းလာသူ အကြမ်းဖက်သမား ၁ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဒဏ်ရာများရရှိကာ သေဆုံးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။
Nov 03, 2021
မြန်မာနိုင်ငံအနေနဲ့ ASEANSAI ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူပြီး၊ (၆)ကြိမ်မြောက် ASEANSAI Summit ကို ဦးဆောင်ကျင်းပခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ။
Nov 03, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၉) လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းတွင် “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က တစ်အနေနဲ့ တစ်နိုင်ငံလုံးသာယာဝပြောမှုရှိရမယ်။ နှစ်အနေနဲ့ကတော့ စားရေရိက္ခာပေါများရမယ်ဆိုပြီး ရည်ရွယ်ပြီးဆောင်ရွက်နေတာရှိပါတယ်။ ဒါကြောင့် ဒီစိုက်ပျိုးရေးနဲ့ မွေးမြူရေးထုတ်ကုန်တွေကို ဒီထက်ပိုပြီးတော့ထွက်အောင်လို့ နိုင်ငံတော်အစိုးရအနေနဲ့ နည်းလမ်းပေါင်းစုံကနေ ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
Nov 03, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့သည့် (၉) လပြည့် မိန့်ခွန်းတစ်နေရာတွင် ပြည်သူများ စားသုံးမှုပုံစံပြောင်းလဲရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တိုက်တွန်းပြောကြားခဲ့သည်။ စားနပ်ရိက္ခာ ထုတ်လုပ်သည့်နိုင်ငံမှ နိုင်ငံသူနိုင်ငံသား ပြည်သူများဖြစ်ပါလျက် မိရိုးဖလာစားသုံးမှုပုံစံကြောင့် အာဟာရရရှိမှုနည်းပါးပြီး ကျန်းမာရေးချို့တဲ့မှုများ လျော့နည်းပပျောက်ရေးအတွက် တိုက်တွန်းခဲ့ခြင်းလည်းဖြစ်သည်။
Nov 02, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းတို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၂)ခုမှ ယာဉ်စီးရေ (၅)စီးဖြင့်၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် (Oxygen Generator(၁)ခုနှင့် နှာခေါင်းစည်း (Mask) (၃၂) တန်တို့ ကိုတင်သွင်းခဲ့ကြောင်း သိရှိရသည်။
Nov 02, 2021
ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး သည် ယနေ့ နံနက် ၇ နာရီတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်အနီး၊ (၁၃၁)ရပ်ကွက်၊ ရေသန့်လမ်းရှိ ရန်ကုန်မြို့တော် ရေပေးဝေရေးဇုန် (၇) ရေစုကန်နှင့် ရေတွန်းစက်ရုံသို့ ရောက်ရှိစစ်ဆေးသည်။
Nov 02, 2021
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် မြောက်ဦးဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MRAUK-U COM) ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 02, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်မ၌ ကျင်းပသည်။
Nov 02, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
Nov 02, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Nov 02, 2021
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့(ASEANSAI)၏ (၆)ကြိမ် မြောက် ထိပ်သီးအစည်းအဝေး (6th ASEANSAI Summit) ကို ယနေ့နံနက် ၈ နာရီခွဲတွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အထူးဧည့်သည်တော် အဖြစ် Video Message ပေးပို့ မိန့်ခွန်းပြောကြားသည်။
