Skip to main content

အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခြင်းကြောင့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူ ၁၉၈ ဦးခန့် သေဆုံး၊ ၁၄၈ ဦးခန့် ဒဏ်ရာရရှိခဲ့

နေပြည်တော် နိုဝင်ဘာ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်နေမှုအပေါ်တွင် မလိုလားသော အကြမ်းဖက်အုပ်စု များဖြစ်သည့် CRPH NUG PDF စသည့် အဖွဲ့အစည်းများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ်များအား အကောင်ထည်ဖော် ဆောင်ရွက်ခြင်းမပြုနိုင်စေရန်၊ အစိုးရ၏အုပ်ချုပ်ရေး ယန္တားများ ပျက်ပြားစေရန်နှင့်  ပြည်သူလူထုအား အကြောက်တရား လွှမ်းမိုးစေရန်အတွက် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အကြောင်း အမျိုးမျိုးပြ၍ နည်းလမ်းမျိုးစုံ အသုံးပြုကာ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခြင်းများ  လုပ်‌ဆောင်လျက်ရှိရာ ထိခိုက်ဒဏ်ရာရရှိခြင်းများသာမက အချို့အသက်သေဆုံးသည်အထိ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်များဖြစ်ပေါ်ခဲ့ရပြီး အကြမ်းဖက်အဖွဲ့များ၏ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူ ၁၉၈ ဦး ခန့် သေဆုံးခဲ့ရပြီး ၁၄၈ ဦးခန့် ဒဏ်ရာရခဲ့မှုများကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-

အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ယခုကဲ့သို့ အကြမ်းဖက်သတ်ဖြတ်နေမှု များအား ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်းပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက် သမားများ၏ လှုပ်ရှားမှု သတင်းများ ကိုရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လျှို့ဝှက်စွာဆက်သွယ် သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံထားသည်။

သတင်းစဉ်