နေပြည်တော် နိုဝင်ဘာ ၁၈
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် ပဲခူးမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၌ ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်များ ထုတ်လွှင့် ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
တွေ့ဆုံ
ထို့နောက် ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ စာကြည့်တိုက်နှင့် ကလေး စာဖတ်ခန်း ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြား ရေးမှူး၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ထပ်ဆင့်လွှင့်စက်ရုံမှ စက်ရုံမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။
အသိပညာပေး
ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကျရာဒေသ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက် ရန်၊ ပုံပြောပြိုင်ပွဲ၊ စကားရည်လုပွဲနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသင်းအဖွဲ့ဝင် လူငယ်၊ လူရွယ်များနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
သတင်းစဉ်