ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
အမိန့်အမှတ်၊ ၅၁၉/၂၀၂၁ ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်
(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်)
ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 - COVID19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များမှ ရောဂါကူးစက်မှုများပြားသော မြို့နယ် များအတွင်းရှိ ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရေး (Stay at home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်များ ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂။ သို့ရာတွင် သက်ဆိုင်ရာမြို့နယ်များအတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့် COVID-19 ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များကို တိကျစွာလိုက်နာသဖြင့် လွန်ခဲ့သော(၁၄)ရက်အတွင်း coVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိရမှုလျော့နည်းလာခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာ များမှာလည်း တစ်ဦးမှ တစ်ဦးသို့ အစုလိုက်ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်း၊ Stay at home အစီအစဉ်ဆောင်ရွက်စဉ်ကာလအတွင်း ကျန်းမာရေးအသိ ပညာမြှင့်တင်ခြင်းလုပ်ငန်းများအား သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများက အလေးထားဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲ အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူအားလုံးကို ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲနမူနာ ယူစစ်ဆေး ရာတွင်လည်း လွန်ခဲ့သော (၁၄)ရက်အတွင်း ထပ်မံတွေ့ရှိရမှုလျော့နည်းလာခြင်း၊ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ နှီးနွှယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် ခဲ့မှုများကြောင့် ပိုးတွေ့လူနာများ လျော့နည်းလာကြောင်း စိစစ်တွေ့ရှိရပါသည်။
၃။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ တိုင်းဒေသကြီး/ပြည်နယ်များ အတွင်းရှိ မြို့နယ်များမှနေထိုင်သော ပြည်သူများအနေဖြင့် ၂၀-၁၁၂၀၂၁ ရက်၊ နံနက်(၄)နာရီအချိန်မှစ၍ မိမိနေအိမ်တွင်နေထိုင်ရန် Stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှပယ်ဖျက်လိုက်သည်-
(က) ကချင်ပြည်နယ်
(၁) ဖားကန့်မြို့နယ်။
(ခ) စစ်ကိုင်းတိုင်းဒေသကြီး
(၁) ကျွန်းလှမြို့နယ်၊
(၂) မုံရွာမြို့နယ်။
(ဂ) မကွေးတိုင်းဒေသကြီး
(၁) တောင်တွင်းကြီးမြို့နယ်၊
(၂) မကွေးမြို့နယ်၊
(၃) မင်းဘူးမြို့နယ်၊
(၄) ဆင်ပေါင်ဝဲမြို့နယ်၊
(၅) မင်းတုန်းမြို့နယ်၊
(၆) မင်းလှမြို့နယ်၊
(၇) သရက်မြို့နယ်။
(၈) အောင်လံမြို့နယ်။
(ဃ) မန္တလေးတိုင်းဒေသကြီး
(၁) ပြင်ဦးလွင်မြို့နယ်။
(င) ဧရာဝတီတိုင်းဒေသကြီး
(၁) ပုသိမ်မြို့နယ်။
၄။ အထက်ပါမြို့နယ်များအား Stay at home အစီအစဉ်မှ ပယ်ဖျက် ပြီးနောက်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော coVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရမည်ဖြစ်သည်။
ဒေါက်တာသက်ခိုင်ဝင်း
ပြည်ထောင်စုဝန်ကြီး