နေပြည်တော် နိုဝင်ဘာ ၁၉
ကိုဗစ်-၁၉ ကပ်ရောဂါအန္တရာယ်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ မတ် ၁၆ ရက်မှစ၍ ခေတ္တ ပိတ်ထားခဲ့ရသော လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြို ကျောင်းများနှင့် လူမှုဝန်ထမ်း ဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်သော ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိ က မူလတန်းကြို ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟို ကော်မတီ၏ အတည်ပြုချက်အရ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့၏ နိုဝင်ဘာ ၁၁ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ နိုဝင်ဘာ ၁၅ ရက်မှစတင်၍ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် အသက် ၃ နှစ်မှ ၅ နှစ်အတွင်းရှိ မူလတန်းကြိုအရွယ် ကလေးငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေးနှင့် စိတ်ခံစားမှုဆိုင်ရာ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုများ ရရှိနိုင်စေရန် ရည်ရွယ်၍ မူကြိုကျောင်းများဖွင့်လှစ်ပြီး ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ၂၀၂၀ ပြည့်နှစ် မတ်လအထိ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက် ရှိ ဌာနမူလတန်းကြိုကျောင်း(၁၄၂)ကျောင်းတွင် ကလေးဦးရေ(၁၉၀၆၉)ဦးကို သင်ကြား လေ့ကျင့် ပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေကြောင့် မူလတန်းကြိုကျောင်း များကို (၁)နှစ်ကျော်ကြာ ပိတ်ထားခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်သည့် အချိန်တွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များ Text Box: -၂-တွင် ဌာနမူလတန်း ကြိုကျောင်း (၈၇)ကျောင်းကို နိုဝင်ဘာ ၁၅ ရက်မှစဖွင့်လှစ်၍ ကလေးဦးရေ (၂၂၄၅)ဦးကိုလက်ခံပြီး သင်ကြားလေ့ကျင့် ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ဒေသအခြေအနေများအရ မူလတန်းကြို ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသောဒေသများတွင် ကလေးငယ်များ အတွက် သင်ကြားလေ့ကျင့်မှု များ စဉ်ဆက်မပြတ်ရရှိနိုင်စေရန် မူလတန်းကြိုကျောင်း (၃၄) ကျောင်းကို (Online) အစီအစဉ်ဖြင့် ဖွင့်လှစ်ပြီး ကလေးဦးရေ (၃၀၇)ဦးကို သင်ကြား လေ့ကျင့်ပေးလျက်ရှိသည်။ သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၅ ရက်တွင် မူလတန်းကြိုကျောင်းပေါင်း (၁၂၁)ကျောင်းတွင် ကလေး ဦးရေ (၂၅၅၂)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။ ထိုနည်းတူစွာ ပုဂ္ဂလိက မူလတန်း ကြိုကျောင်းများ၊ ကိုယ့်အား ကိုယ်ကိုးမူလတန်းကြို ကျောင်းများကိုလည်း နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် တစ်ပြိုင်နက် ဖွင့်လှစ်ပြီး သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်