Skip to main content

May 23, 2021

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ မေ ၂၂ ရက် နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်နေသည့် တန့်ကြည့်တောင်အထူးစိမ်းလန်းစိုပြည်ရေး စီမံကိန်း ဧရိယာ အတွင်း နှစ်အလိုက်တည်ထောင်စိုက်ပျိုးခဲ့သော တစ်အုပ်တစ်မစိုက်ခင်းနှင့် အထူးစိမ်း စိုက်ခင်း များ၏ အောင်မြင်ရှင်သန်နေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2021

နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးပရိဝုဏ်တော်အတွင်း မဟာဗောဓိပင်တော် များအား (၁၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2021

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် ယနေ့နံနက် ၇ နာရီခွဲက ရန်ကုန်မြို့၊ ကန်တော်ကြီးသဘာဝဥယျာဉ် သန့်ရှင်းသာယာ လှပရေးနှင့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန်နှင့်အဖွဲ့သည် ကန်တော်ကြီးဉယျာဉ်အတွင်းရှိ မကျည်းတန်းမြောင်းနေရာသို့ ရောက်ရှိပြီး ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2021

နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးပရိဝုဏ်တော်အတွင်း မြောက်ဘက်အရပ်ရှိ မဟာဗောဓိပင်တော်များအား (၁၃)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊ ကွပ်ကဲရေးမှူး၊ ဥပ္ပါတသန္တိ စေတော်မြတ်ကြီးဂေါပကအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2021

(၂၀၂၁ ခုနှစ်၊ မေလ (၂၃)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း (Coco Island)မြို့၏ အနောက်မြောက် ဘက် ရေမိုင်(၂၃၅)မိုင်ခန့်၊ ပုသိမ် (Pathein)မြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၂၇၅)မိုင်ခန့်၊ အိန္ဒိယ နိုင်ငံ၊ ပါရာဒစ်ရှ်(Paradip)မြို့၏ အရှေ့တောင်ဘက် ရေမိုင်(၃၀၅)မိုင်ခန့်နှင့် ဒီဂါ(Digha)မြို့၏ တောင်-အရှေ့ တောင်ဘက် ရေမိုင်(၃၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေပါသည်။ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပါသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2021

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်စင်သည် မေ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် မကွေးတိုင်းဒေသကြီး အတွင်းရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ မန်းရေနံမြေ၊ ထောက်ရှာပင်-ထန်းကိုင်း-ရေနံမရေနံမြေ၊ ရေနံချောင်းရေနံမြေ၊ ချောက်/လမ်းရွာ ရေနံမြေနှင့်ရေနံချောင်းမြို့ရှိ မော်တော်ယာဉ်သဘာဝဓာတ်ငွေ့ အရောင်းဆိုင် အမှတ်(၁) တို့ကို လည်းကောင်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ် (၂) ရေနံချက်စက်ရုံ (ချောက်) နှင့် အမှတ် (၁) ရေနံဓာတ်ငွေ့ရည်စက်ရုံ (မင်းဘူး) တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2021

ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော်သည် ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ စာရင်းကောင်စီ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင် များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ် များကို ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ ရန်ကုန်သင်တန်းကျောင်း၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရှိ နန်စီပွန်နယ်မြေရဲစခန်းအား KIA အဖွဲ့က လာရောက်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိကာ တပ်ဖွဲ့ဝင် အချို့ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2021

နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်စေရေးအတွက် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ အဖျက်အမှောင့် ဆောင်ရွက်လိုသူအချို့မှလည်း နိုင်ငံတော် ဆန့်ကျင်ရေးစာသားများအား အများပြည်သူသုံးလမ်းမကြီးများ၊ နိုင်ငံတော်ပိုင်နှင့် အများပြည်သူပိုင် အဆောက်အအုံများပေါ်တွင် ရေးသားခြင်း၊ ဆန့်ကျင်ရေးစာသားပါ ဗီနိုင်းစများ၊ ပိုစတာများ၊ စာရွက် များအား ချိတ်ဆွဲခြင်း၊ လမ်းများပေါ်တွင် ဖြန့်ကြဲခြင်းတို့ဖြင့် နိုင်ငံတော်အတွင်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော် တည်ငြိမ်ရေးအတွက်ရှေ့ရှု့ကာ ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2021

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်စဉ် လက်နက်ကိုင်အကြမ်းဖက်သူ ၃ ဦးအား အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2021

တိုင်းဒေသကြီ၊ ပြည်နယ်အချို့ရှိ မြို့နယ်အချို့တို့တွင် နိုင်ငံတော်ပိုင်အဆောက်အဦများအား လက်နက်ကိုင်သောင်းကျန်းသူများနှင့် အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2021

အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG အမည်ခံ ပြည်ပြေးအစိုးရနှင့် CRPH အမည်ခံ ပြည်ပြေးလွှတ်တော်ကော်မတီတို့၏ ထောက်ပံ့မှု နှင့် ဆူပူအကြမ်းဖက်သူများက မြို့နယ်အချို့၌ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်လျက်ရှိခြင်းကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူ တို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ ပြည့်ဝစွာရရှိ စေရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ လှည့်ကင်း၊ ပတ်ကင်းများဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2021

တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထု များမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင် ရှိသော လက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2021

ကယားပြည်နယ်ရှိ ရဲတပ်ဖွဲ့စခန်းများအား လက်နက်ကိုင်သောင်းကျန်းသူများမှ လက်နက်ငယ်၊ လက်ပစ်ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2021

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ် (၁၀)မြို့နယ် အဆောင်၌ Quarantine ထားရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 23, 2021

ပြည်သူလူထု၏ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး အကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်း ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ရန်အတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ဒေသအသီးသီးမှ ဝန်ထမ်းများနှင့် ဒေသခံများ၏ တောင်းဆိုမှုအရ တပ်မတော်မှ ဆေးကုသရေးအဖွဲ့များ စေလွှတ်၍ ဆေးကုသရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်