Skip to main content

ပြည်တွင်း၊ ပြည်ပအဖျက်သမား တွန်းလှန်ဖယ်ရှား

နယ်ချဲ့ဖက်ဆစ်များ၏ကျူးကျော်စစ်ပွဲများကြောင့် ကမ္ဘာစစ်ကြီးဖြစ်ပွားပြီး နိုင်ငံများလွတ်လပ်ရေးဆုံးရှုံးရခြင်း၊ ပြည်ပစွက်ဖက်ကျူးကျော်မှုကြောင့် တိုင်းပြည်ပြိုကွဲ ပျက်စီးရခြင်းအကြောင်းရင်းများတွင် နိုင်ငံတစ်နိုင်ငံသည် တိုင်းပြည်အတွင်း စည်းလုံး ညီညွတ်မှုမရှိခြင်းနှင့် အင်အားတောင့်တင်းခိုင်မာသော တပ်မတော်တစ်ရပ်မရှိခြင်း တို့သည် အဓိကအကြောင်းအချက်များဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းနိုင်ငံတိုင်း သည် မိမိနိုင်ငံစည်းလုံး ညီညွတ်ပြီး အင်အားတောင့်တင်းခိုင်မာသော ခေတ်မီ တပ်မတော်တစ်ရပ်ဖြစ်ထွန်းရေးကို ကြိုးပမ်းဆောင် ရွက်ကြသည်။

တပ်မတော်သည် ရရှိပြီးသောလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ မဆုံးရှုံး စေရေး၊ တိုင်းပြည်မပြိုကွဲ၊ မပျက်စီးရေးအတွက် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ မြန်မာ့တပ်မတော်သည် လွတ်လပ်ရေး ကြိုးပမ်း မှုနှင့် အတူသမိုင်း၏မဖြစ် မနေလိုအပ်ချက်အရ ပေါ်ပေါက်လာသည့် တစ်ခုတည်းသောတပ်မတော်ဖြစ်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးကြိုးပမ်းစဉ်နှင့် စစ်အတွင်းကာလကို ခါးသီးစွာ ဖြတ်သန်း ခဲ့ရပြီး လွတ်လပ်ရေး ရပြီးကာလတွင်လည်း ကြမ်းတမ်းခက်ထန်စွာ ဖြတ်သန်းခဲ့ရသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ နိုင်ငံများသည် လွတ်လပ်ရေး ရရှိပြီးနောက် မိမိတို့နိုင်ငံ ခေတ်မီတိုး တက်ဖွံ့ဖြိုးလာအောင် ဖြောင့်တန်းစွာကြိုးပမ်း ဆောင်ရွက် နိုင်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးသည်မှ ယနေ့ ထက်တိုင်အောင် မငြိမ်းချမ်းမှုများကြောင့် ဖွံ့ဖြိုးမှုနောက်ကျ လျက်ရှိသည်။

မတည်ငြိမ်သော နိုင်ငံရေးစနစ်နှင့် မငြိမ်းချမ်းသောပဋိပက္ခများ၊ တစည်း တလုံးတည်းမရှိမှုတို့သည် တိုင်းပြည် အတွက် အန္တရာယ်ဖြစ်သည်။ ပြည်တွင်း စည်းလုံးညီညွတ်မှု ပျက်ပြားမှု၊ ပြည်ပစွက်ဖက်မှု၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကိုထိပါးလာမှုများအားအကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသည်။လွတ်လပ်ရေးသမိုင်းကြောင်းသည် ကြမ်းတမ်းခက်ထန်သကဲ့သို့ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း တိုင်းပြည်ပြို လုနီးနီးအဖြစ်များရှိခဲ့သည်။ ထိုသို့သောအခြေအနေများကို တပ်မတော်သည် အသက်၊ သွေး၊ ချွေးများပေးဆပ်ကာ ကာကွယ်စောင့်ရှောက် ပေးခဲ့ရသည်။ မျက်မှောက်ကာလတွင်လည်း တိုင်းပြည်ပြိုကွဲ ပျက်စီးစေမည့်လုပ်ရပ်များ ဖန်တီး လုပ်ကိုင်နေမှုများ ကို ကြုံတွေ့နေရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ (၂၀၂၁)တွင် “တပ်မတော်မှ နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေနှင့် အညီ မဖြစ်မနေ တာဝန်ယူခဲ့ရသည့်ဖြစ်စဉ်မှန်များကို မသိကျိုးကျွန်ပြုကာ တပ်မတော်နှင့်ပြည် သူ သွေးကွဲအောင်၊ တပ်မတော်အင်အားချည့်နဲ့ပြီး တိုင်းပြည်ပြိုကွဲအောင် ပြည်တွင်း၊ ပြည်ပအဖျက်သမားများ ၏လုပ်ရပ်များကို သိရှိနားလည်ပြီး ဥပဒေဘောင်အတွင်း ကနေသတိရှိရှိဖြင့် တွန်းလှန်သွားကြရန် လိုအပ်မည်ဖြစ် ကြောင်း” ပြောကြားခဲ့သည်။ တပ်မတော်ဖြိုခွဲရေးအကြံအစည်ကို လွတ်လပ်ရေးရရှိပြီးသည့် အချိန်မှစ၍ ယနေ့အချိန်အထိလက်ဝဲ၊ လက်ယာနိုင်ငံရေးသမားများနှင့် အကြမ်းဖက်အဖျက် သမားများက တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။

ပြည်တွင်းမှ အကြမ်းဖက်အဖျက်သမားများကလက်နက်ဆွဲကိုင်အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများ ပြုလုပ် နေပြီး ၎င်းတို့ကို ပြည်တွင်းသစ္စာဖောက် ပြည်ပအားကိုး အကြမ်းဖက်အဖွဲ့အစည်းများက သွေးထိုး လှုံ့ဆော်၊ မြှောက်ပင့်ထောက်ပံ့အားပေးနေသည်။ တပ်မတော်ကို ဖြိုခွဲနိုင်လျှင် ဒီမိုကရေစီရရှိမည်ဟူသော အတွေးကြောင် သည့် ဝါဒမှိုင်းတိုက်ပေးပြီး ပြည်သူနှင့်တပ်မတော်ကိုရန်တိုက်ပေးသည်။ တပ်မတော် သည် ရှင်ကြီးဝမ်းထဲလည်း ဝင်ခဲ့ဖူးပြီ၊ ရှင်ငယ်ဝမ်းထဲလည်းဝင်ခဲ့ ဖူးပြီ။ တိုင်းပြည်ကိုဖြိုခွဲဖျက်ဆီးသော ပြည်တွင်း၊ ပြည်ပရန်စွယ်အန္တရာယ် အမျိုးမျိုး ကို အကြိမ်ကြိမ်တွန်းလှန်ဖယ်ရှား ခဲ့ပြီးဖြစ် သည်။ တပ်မတော်သည် ပြည်ပကျူး ကျော်မှုကို ကာကွယ်ရေး၊ ပြည်တွင်းဆူပူသောင်းကျန်းမှုကို တားဆီးရေးတို့သာမက အမျိုး၊ ဘာသာ၊ သာသနာနှင့်ယဉ် ကျေးမှုတို့ မပျောက်ပျက်ရေးတို့ကိုပါ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည့် အမျိုးသား တပ်မတော်ဖြစ်သည်။