Skip to main content

အိုမီခရွန် မျိုးဗီဇပြောင်းရောဂါပိုး၏ ရောဂါကူးစက်ဖြစ်ပွားနိုင်မှု၊ ရောဂါပြင်းထန်နိုင်မှု၊ ရောဂါရှာဖွေရေးနှင့် ကုသမှုတို့အပေါ် သက်ရောက်နိုင်မှုတို့ကို စဉ်ဆက်မပြတ် ဆက်လက်စောင့်ကြပ်ကြည့်ရှု

နေပြည်တော် နိုဝင်ဘာ ၃၀ 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၌ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်း  တွင် Video Conference စနစ်ဖြင့် ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အမှာစကားပြောကြားရာတွင် ယခုအခါ မိမိတို့ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တတိယလှိုင်း  ကို အတိုင်းအတာတစ်ခုအထိ ကောင်းစွာထိန်းချုပ် ထားနိုင်ပြီဖြစ်သော်လည်း စိုးရိမ်ဖွယ်ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားနိုင်သည့် မျိုးဗီဇပြောင်း ကိုဗစ်-၁၉  ရောဂါပိုး (Variants of Concem) အုပ်စုတွင် (၂၆၁၁-၂၀၂၁)ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထပ်မံ ၍ ထည့်သွင်းခဲ့သည့် အိုမီခရွန် (Omicron) မျိုးဗီဇ ပြောင်းရောဂါပိုးအနေဖြင့် ကမ္ဘာတစ်ဝန်းတွင် လျင်မြန်စွာ ကူးစက်ပြန့်ပွားမှုများကို တွေ့ရှိနေရ ကြောင်း။

အဆိုပါ မျိုးဗီဇပြောင်းရောဂါပိုးများ မိမိတို့နိုင်ငံ အတွင်းသို့ မဝင်ရောက်လာစေရေးနှင့် မိမိတို့နိုင်ငံတွင် ရောဂါဖြစ်ပွားမှုလှိုင်း နောက်ထပ်တစ်ခုအဖြစ် ကြီးမားစွာဖြစ်ပေါ်မလာစေရေး၊ ရောဂါကာကွယ်  ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျ စီမံချက်ရေးဆွဲ ၍ အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာဆောင်ရွက်ရ မည်ဖြစ်ကြောင်း။

အာဖရိကတိုက်တောင်ပိုင်းဒေသ နိုင်ငံများနှင့် အခြားအိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ်များ ဝင်ရောက်ကူးစက်ရာ နိုင်ငံ/ဒေသများမှ လာရောက်သူများအား ခရီးသွားလာခွင့် ပိတ်ပင်ခြင်း (သို့မဟုတ်) အသွားအလာကန့်သတ်ချိန် တိုးမြှင့် ထားရှိခြင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ RT-PCR ဖြင့် အကြိမ်တိုးမြှင့်စစ်ဆေးခြင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့အတူ နယ်စပ်ဒေသများ တွင် စနစ်တကျ ကွာရန်တင်းဝင်ရောက်ခြင်းနှင့် RT-PCR ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကို လည်း စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ပြီး RT-PCR အဖြေ negative ဖြစ်မှသာ မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာဒေသများသို့ စနစ်တကျပို့ဆောင်ပေး ရမည်ဖြစ်ကြောင်း၊ RT-PCR စက်များကို လည်း မြဝတီမြို့၊ မူဆယ်မြို့နှင့် ကျိုင်းတုံမြို့များတွင် တပ်ဆင်ထားသကဲ့သို့ အခြားနယ်စပ်မြို့ များတွင် ဆက်လက်တိုး ချဲ့တပ်ဆင်သွား မည်ဖြစ်ကြောင်း။

ထို့အတူ မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် နိုင်ငံများနှင့် နိုင်ငံတကာတွင် အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ်များ ဝင်ရောက် ကူးစက်ပြန့်ပွားမှုအခြေအနေ၊ နိုင်ငံတကာတွင် ကူးစက်ပျံ့နှံ့နေမှုအ ခြေအနေနှင့် အဆိုပါမျိုးဗီဇ ပြောင်းရောဂါပိုး၏ ရောဂါကူးစက်ဖြစ်ပွားနိုင်မှု၊ ရောဂါပြင်းထန်နိုင်မှု၊ ရောဂါရှာ ဖွေရေးနှင့် ကုသမှုတို့ အပေါ် သက်ရောက်နိုင်မှုတို့ကို စဉ်ဆက်မပြတ် ဆက်လက်စောင့်ကြပ် ကြည့်ရှုသွား မည်ဖြစ်ကြောင်း။

အဓိကအချက်အနေဖြင့် ပြည်သူများ ကာကွယ် ဆေးလွှမ်းခြုံမှုများ ကောင်းမွန်စွာ တိုးတက်ရရှိ စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတို့ကို လိုက်နာစေရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများနှင့် ကျန်းမာ ရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းများကို ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများနှင့် အတူ အလေးထား၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး  ဌာနခွဲ) ဒေါက်တာထွန်းတင်ကကိုဗစ်၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ ကိုလည်းကောင်း၊ ကုသရေးဦးစီး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာမိုးခိုင်က ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ အတွက် ဆေးရုံများတွင် အောက်ဆီဂျင်လုံလောက်မှုရှိစေရန် ဆောင်ရွက်ထားရှိမှုများနှင့် ICU, HDUများ ပြင်ဆင် ထားရှိမှု အခြေအနေများကို လည်းကောင်း၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာအယ်ထူးဖေ နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်)၊ ပါမောက္ခချုပ် ဒေါက်တာဌေးဌေးတင်တို့က မျိုးကွဲအသစ်ကိုဗစ်-၁၉ ၁ဂါပိုး (Omicron) အား ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်နိုင်ရန် စီစဉ်ထားရှိမှုအခြေ အနေကိုလည်းကောင်း၊ ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်းက ကိုဗစ်-၁၉ ရောဂါ မျိုးကွဲအသစ်နှင့် ပတ်သက်သည့် ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်နိုင်မည့် အခြေအနေ များကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာထွန်းမင်း နှင့် တာဝန်ရှိသူများမှရန်ကုန်တိုင်းဒေသကြီးအတွင်း ကာကွယ်ဆေး ထိုးနှံမှု အခြေအနေများနှင့် Quarantine Centerများပြင်ဆင်ထားရှိမှု အခြေအနေများနှင့် လေဆိပ်အဝင်အထွက်များတွင် ကျန်းမာရေး စစ်ဆေးဆောင် ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အဓိက ကျသည့် အချက်တစ်ခုမှာ ကာကွယ်ဆေးထိုးလွှမ်းခြုံ မှုမြင့်မားရန်ဖြစ်ကြောင်း၊ ပြည်သူလူထုဘက်မှ လည်း မိမိတို့အား လုံးအတွက် အခွင့်အရေးတစ်ရပ် အနေဖြင့်ရရှိမည့် နိုင်ငံတော်မှ ထိုးနှံပေးသည့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးကို မဖြစ်မနေ ထိုးနှံသွားရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် သည့် တစ်ဦးချင်းလိုက်နာရမည့် အသိပေးချက် သတိပေးချက်နှင့် ထုတ်ပြန်ကြေညာ ချက်များကို တိတိကျကျလိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ဆေးဝန်ထမ်းညွှန်ကြားရေး မှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ကျော်ဇေယျ၊ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ်(ဝန်ကြီးရုံး) ဦးစိန်ဝင်း၊ ညွှန်ကြားရေးမှူး ချုပ်(ကုသရေးဦးစီးဌာန) ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

 

 သတင်းစဉ်