Skip to main content

ဟားစတိုင်လ်အငြိမ့် ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော်   ဒီဇင်ဘာ   ၂၉

အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့် တင်ဆက်လျက်ရှိရာ “ဟားစတိုင်လ်အငြိမ့် ဖျော်ဖြေပွဲကို ၂၀၂ ခုနှစ် ဇန်နဝါရီ ၁ ရက် (စနေနေ့) ည ၈ နာရီ သတင်း အပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။

ယင်းဖျော်ဖြေမှုကို စတားကောင်းထက်က စီစဉ်ပြီး မြန်မာ့အသံ ဆိုင်းဝိုင်းကြီးအဖွဲ့၏  တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး ကြယ်စင်လင်း၊ ရှေ့ထွက်မင်းသမီး ဝိုင်းကြာဖြူ၊  လူရွှင်တော်များ ဖြစ်ကြသည့် စကားကောင်းထက်၊ ကောင်းမွန်၊ ဘာမီတွန်နှင့် ချမ်းမြေ့တို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

ထိုသို့ တင်ဆက်မှုကို ၂၀၂ ခုနှစ် ဇန်နဝါရီ ၅ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း National News အစီအစဉ်အပြီးတွင်ဒုတိယအကြိမ် ထမ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်