Skip to main content

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

နေပြည်တော်   ဒီဇင်ဘာ   ၂၉

သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်(၄၇)ကို ဒီဇင်ဘာ ၃၁ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်(၄၇)၏ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို တင်ဆက်သူ ရဲထိုက်နှင့် ယဉ်လက်တို့က တင်ဆက်ကြမည်ဖြစ် ပြီး လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများက ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နှင့် ၂၀၂ ခုနှစ် ဇန်နဝါရီ ၁၊၂ ရက်တို့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်