Skip to main content

ကူမဲမြို့ ပန်းလောင်မြစ်အတွင်း ငါးမျိုးများစိုက်ထည့်

ကူမဲ   ဒီဇင်ဘာ  ၂၉

မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောက်ဆည်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ကူမဲငါးလုပ်ငန်းစခန်း တို့ ပူးပေါင်း၍ သဘာဝမြစ်၊ ချောင်း၊ အင်း၊ အိုင်များ၊ ဆည်၊ တမံ၊ ကန်များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ကျေးလက်နေ ပြည်သူများ ငါးရိက္ခာကို ပိုမိုရရှိစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရေးတို့အတွက် ကူမဲမြို့နယ်ပန်းလောင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ဒီဇင်ဘာ၂၉ ရက် နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်းနှင့် ဝန်ထမ်းများ၊ မြစ်သားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးခိုင်၊ စီမံကိန်းဦးစီးမှူး ဒေါ်နီလာအေး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇာနည်ဇော်၊ ကူမဲမြို့ အုပ်ချုပ်ရေးမှူး ဦးနေလင်းထက်၊ ကူမဲငါးလုပ်ငန်းစခန်းတာဝန်ခံနှင့် ဝန်ထမ်းများက နှစ်လက်မအရွယ် ငါးမြစ်ချင်း သားပေါက် ကောင်ရေ ၂၀၀၀၀၀ နှင့် ငါးခုံးမကြီး သားပေါက်ကောင်ရေ ၁၅၀၀၀၀ စုစုပေါင်း ၃၅၀၀၀၀ အား မျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်