Jun 30, 2021
တည်ဆောက်ဆဲ ကျိုင်းခမ်း ရေလှောင်တမံအား သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ တည်ဆောက်ပြီးစီးရေး နှင့် ပြီးစီးလျက်ရှိသည့် ရေသွယ်မြောင်းမှ တဆင့် ဇော်ဂျီ ရေလှောင်တမံ နှင့် မြို့ကြီးရေလှောင်တမံများသို့ ရေကူပို့လွှတ်ပေးရန်လိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားခဲ့သည်။
Jun 30, 2021
နိုင်ငံတစ်ဝန်းလုံးရှိ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေး လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ Nationwide Case Management Supervision Unit (NCMSU)နှင့် ပူးပေါင်းဆောင်ရွက်မည့် Central level လုပ်ငန်းအဖွဲ့နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
Jun 30, 2021
ယနေ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကို ဂုဏ်ပြုကြိုဆိုခြင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်စတင်ခြင်း အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံ ခရီးစဉ်ဒေသများ၏ ဆွဲဆောင်မှုများကို ပြည်သူများသိရှိပြီး လည်ပတ်နိုင်ရေး အသိပေး ဆောင်ရွက်သည့် အနေဖြင့် “လွတ်လပ်ပေါ့ပါးပျော်ရွှင်ဖို့ မြန်ပြည်အနှံ့ ခရီးဆန့်စို့” ခရီးသွားမြှင့်တင်ရေး Billboard ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဆိုင်းဘုတ်ရှေ့တွင် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းနှင့်အညီ ကျင်းပသည်။
Jun 30, 2021
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 30, 2021
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံ (ညွှန်ကြားရေးမှူး) များ၏ လေးလပတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၁/၂၀၂၁)ကို ဇွန် ၂၉ မှ ၃၀ ရက်တို့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်)၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းများနှင့် အညီ Virtual System ဖြင့် ကျင်းပသည်။
Jun 30, 2021
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Jun 30, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက်
Jun 30, 2021
အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းများ ပြန်လည်သုံးသပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ဒေသတွင်းအလုပ်ရုံ ဆွေးနွေးပွဲ (2nd Regional Workshop on Reviewing and Updating the ASEAN Common Competency Standards for Tourism Professionals-ACCSTP) ကို ဇွန် ၂၉ ရက်နှင့် ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
Jun 30, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုကဏ္ဍအောက်ရှိ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
Jun 30, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်းများ၌ ဆက်လက် ကျင်းပသည်။
Jun 30, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။
Jun 30, 2021
(၂၈-၆-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၉-၆-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း တွေ့ရှိ ရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၁၃၁၂) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
Jun 30, 2021
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိုင်းလင်းဇော်အား ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင်လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းအား ၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဦး အား ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင်လည်းကောင်း အကြမ်းဖက်သူများက ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခဲ့ကြကြောင်းနှင့် လုပ်ကြံသတ်ဖြတ်ခဲ့သူ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာနေ့ရက်အသီးသီးတွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
Jun 30, 2021
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၌ ရန်ကုန် - မန္တလေးစာပို့ရထားအား အကြမ်းဖက်သူများက မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။
Jun 30, 2021
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ လှည့်ကင်းဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ရဲတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။
Jun 30, 2021
ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၁၈ ရက်အထိ ကာလအတွင်း ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ အတွင်း မသမာသူများမှ သစ်တော ဝန်ထမ်းများကို ရန်ပြု တိုက်ခိုက်ခြင်း၊ သစ်တောရုံးများ၊ သစ်တောဘိနယ်စခန်းများ မီးရှို့ ဖျက်ဆီး ခြင်း၊ ဖမ်းဆီးသစ်များနှင့် ယာဉ်/ယန္တရားများ၊ ဆက်စပ် ပစ္စည်းများ လုယက်ယူဆောင်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ သစ်တော စိုက်ခင်းများမှ ကျွန်းပင်များ ခုတ်လှဲခိုးယူခြင်းဖြစ်စဉ်များ (၂၆) ကြိမ် ဖြစ်ပွားခဲ့သည်။
Jun 30, 2021
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မြေတိုင်း(၂၂)၊ အလယ်ကျေးရွာ၊ ဦးဖိုးလှိုင်လမ်းနှင့် ဦးရွှေဘင်လမ်းထောင့် အကွက်အမှတ်(၂၀)ရှိ Myanmar Rong Wie New ဖိနပ်အောက်ခံဆိုးပြားစက်ရုံအား မတ် ၁၄ ရက် ညနေ ၄ နာရီခန့်တွင် အောင်ဇော်လင်း (ဘ)ဦးဇော်ဇော် အပါအဝင်(၂၁)ဦးတို့နှင့်အတူ မီးစာပါသည့် ဓာတ်ဆီပုလင်းများနှင့် ပစ်ပေါက်ကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ -၄၃၆ အရ ၎င်းတို့ အား မေ ၂၄ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” အမိန့်ကို ချမှတ်လိုက် သည့် သတင်းအား ထုတ်ပြန်ပြီးဖြစ်သည်။
Jun 30, 2021
အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်ကြေညာထားသော CRPH ၊ NUG အဖွဲ့များသည် နိုင်ငံ တော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အဖျက်အမှောင့်လုပ်ငန်းများ၊ မိုင်းထောင် ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုနှင့် အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ထိုသို့ လုပ်ဆောင်ရာတွင် အသုံးပြုလျက်ရှိသည့် လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက် လျက်ရှိသည်။
Jun 30, 2021
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ညောင်တုန်း မြို့နယ်နှင့် ဓနုဖြူမြို့နယ်များရှိ စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များ စားရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး ထောက်ပံ့ခြင်းနှင့် မိသားစုဝင် ကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံ၊ ကျောင်းသုံး စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မအူပင်မြို့ နယ်မြေခံ တပ်ရင်းခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစုဝင်ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
Jun 30, 2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အခြေခံပညာအထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများ ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံ တစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။