Skip to main content

Mar 29, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၃/၂၀၂၂)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ က ခရိုင်မြန်မာ့ အာမခံရုံးအား သေနတ်ပြခြိမ်းခြောက်၍ ငွေများ လုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ် ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်ခဲ့သည့် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ ပြန်လည်တိုးတက်ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ နိုင်ငံကျော်အနုပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့အား ပြည်တွင်းရှိ အထင်ကရနေရာများသို့ လိုက်လံ ပို့ဆောင်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့် ကျင်းပသည့် (၁၈)ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၇ ရက် ညနေ ၃ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ လားရှိုး-မန္တလေး သွားကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီး ကျောက်မဲမှ မန္တလေးဘက်သို့ မျိုးမင်း(၄၀)နှစ် မောင်းနှင်လာသည့် ISUZU ကွန်တိန်နာဘောက်ယာဉ်အား သတင်းအရရှာဖွေရာ

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

အခြေခံပညာအဆင့် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် တစ်နိုင်ငံလုံး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုမှုများ အဆင်ပြေချောမွေ့စွာ ဖြေဆိုဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ဌာနဆိုင်ရာ ဝန်ထမ်း များအားလုံး တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံအဝန်းရှိ ဝေးလံ ခေါင်ဖျားသည့်ဒေသများနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နေရာဒေသများသို့ တပ်မတော်ယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးအစောင့်အရှောက်များ လိုက်ပါ၍ ပို့ဆောင်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ပုံနှိပ်သူ၊ ထုတ်ဝေသူ များသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၆ အုပ် သို့မဟုတ် ၆ စောင်ကို ပြန်ကြားရေး ဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါ စာအုပ် စာစောင်များကို အမျိုးသားစာကြည့်တိုက်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနနှင့် အမျိုးသားစာပေဆုရွေးချယ်ရေးကော်မတီများသို့ ခွဲဝေပေးပို့လျက်ရှိပါသည်။ ထို့အပြင် ပေးပို့လာသော ထုတ်ဝေစာများကို ပြက္ခဒိန်နှစ်အလိုက် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အတွင်း ထုတ်ဝေသော စာအုပ်စာတမ်းများစာရင်းတွင်လည်း ရေးသွင်းထားပြီး နှစ်စဉ်ထုတ်ပြန်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ် ပြု လက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

စာမေးပွဲမေးခွန်းများ ပို့ဆောင်မည့် တပ်မတော်ရဟတ်ယာဉ်တစ်စင်းသည် ဟားခါးလေယာဉ်ကွင်းအနီးတွင် ယနေ့ (မတ်လ ၂၉ ရက်) နံနက် ၉ နာရီ ၂ဝ မိနစ်ခန့်တွင် မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

​​​​​​​(၇၇)နှစ်မြောက် တပ်မတော်နေ့ကို  ဂုဏ်ပြုသောအားဖြင့်  နေပြည်တော်ရှိ တပ်မတော်ပန်းခြံ၌ ရေပန်းများ၊ မီးအလှများတပ်ဆင် ထားရှိပြီး တပ်မတော်နေ့အထိမ်းအမှတ်မီးရှူးတိုင်၊ ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော အနော်ရထာ၊   ဘုရင့်နောင်၊  အလောင်းဘုရား မင်းမြတ်သုံးပါးရုပ်တုတို့အား   အများပြည်သူမည်သူမဆို  အခမဲ့ဝင်ရောက်ကြည့်ရှု  အပန်းဖြေလေ့လာ နိုင်ရန် တပ်မတော်ပန်းခြံအား မတ်လ ၂၈ ရက်မှ ဧပြီလ ၁ ရက်အထိ နေ့စဉ် ညနေ ၅ နာရီခွဲ မှ ည ၉ နာရီခွဲအထိ ဖွင့်လှစ်ထားရှိမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်း  ရုံးခန်းဖွင့်လှစ်ခြင်း   အခမ်း အနားကို   ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ကောင်စီ နယ်မြေ   ဇမ္ဗူသီရိမြို့နယ်  မြို့မဈေး ပွဲရုံတန်း(ပ/၂၃၈)၌ ကျင်းပခဲ့ပြီး စားသုံးသူ ပြည်သူများကို သက်သာသော ဈေးနှုန်းဖြင့် စားသုံး ဆီများကို ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

(၇၇)နှစ်မြောက် တပ်မတော် နေ့ကို      ဂုဏ်ပြုသောအားဖြင့်    နေပြည်တော်ကောင်စီ  နယ်မြေ  အတွင်းရှိ ဘောဂသီရိအဝေးပြေး ကားကွင်းအနီးရှိ မီးပွိုင့်လမ်းဆုံ တွင် လည်းကောင်း၊ နေပြည်တော်  တိုင်းစစ်ဌာနချုပ်အနီး မီးပွိုင့်လမ်းဆုံတွင် လည်းကောင်း၊ အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းအနီး လမ်းဆုံ တွင် လည်းကောင်း၊  ပင်လောင်း မီးပွိုင့်လမ်းဆုံနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်း၌ လည်းကောင်း မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)     စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာ ကြီးများကို စိုက်ထူထားရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းသစ်များကြိုဆိုပွဲနှင့် စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်  ၁၀ နာရီတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း (MRCCI) ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်သစ်များကို Virtual စနစ်ဖြင့် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

အာဆီယံလူငယ်ဓာတ်ပုံပြိုင်ပွဲ ၂၀၂၂ (ASEAN Youth Photo Competition 2022)ကို ကမ္ဘောဒီးယား နိုင်ငံ ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနမှ ဦးဆောင်ပြီး “အပြန်အလှန် အကျိုးဖြစ်ထွန်း စေရေး ပေါင်းစည်းအားဖြင့် ဖော်ဆောင်ပေး” ခေါင်းစဉ်ဖြင့် ကျင်းပ သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန် အတွက် မတ် ၂၇ ရက် မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများသည် အမ်းမြို့ရှိ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များတွင် မွေးမြူထားရှိသော DYL ဝက်မွေးမြူရေးခြံ၊ နို့စားနွားမွေးမြူရေးခြံ၊ အသားတိုး နွားမွေးမြူရေးခြံ၊ ဥစားကြက် မွေးမြူရေးခြံ၊ အသားတိုး ကြက်မွေးမြူရေးခြံ၊ ငါးမွေးမြူရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် လေးဝတီမွေးမြူရေးအစာစပ်လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

​​​​​​​လက်တစ်ခုတွင် အတိုအရှည်အရွယ်အစားမတူ၊ သဘောသဘာဝ ဂုဏ်ရည်မတူသည့် လက်ချောင်း ငါးချောင်း ရှိသည်။ မိသားစုတစ်စု၏ မိသားစုဝင်များတွင်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများတွင်လည်း ထိုသဘောသွားအတိုင်းရှိသည်။ တစ်အူထုံဆင်း မိသားစုဝင်များဖြစ်၍ စိတ်သဘောထား၊ ခံယူချက်မတိုက်ဆိုင်မှုများကို နားလည် ခွင့်လွှတ်ကြမည်ဖြစ်သော်လည်း မိသားစုချင်း စိတ်ဝမ်းကွဲပြီး မိသားစုကြီးတစ်ခုလုံး ပြိုကွဲပျက်စီး သွားမည့် ပြုလုပ်မှုများကိုမူ မိသားစုဝင်တိုင်းအနေဖြင့် မည်သို့မျှ လက်ခံနိုင်မည်မဟုတ်ပေ။

ဆက်လက်ဖတ်ရှုရန်

Mar 29, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတွင် “တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် အကြမ်းဖက်အဖွဲ့တွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းကို အားပေး ထောက်ခံတဲ့ အဖွဲ့တွေကလွဲရင် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ အမြဲမပြတ် တွေ့ဆုံ ဆွေးနွေးသွားမှာဖြစ်သလို လက်မှတ်ရေး ထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်း ရေး တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်တယ်” ဟူ၍ ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်