Skip to main content

Apr 01, 2022

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ချောမွေ့စေရေး လုပ်ငန်းစဉ်များ ဖြစ်သော လုပ်ထုံးလုပ်နည်းများ ရိုးရှင်းလွယ်ကူစေခြင်း၊ အွန်လိုင်းဝန်ဆောင်မှု မြှင့်တင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အတားအဆီးများလျှော့ချခြင်း၊ ရင်းနှီးမြှုပ်နှံပြီး နောက်ပိုင်းဝန်ဆောင်မှုများ တိုးမြှင့်ပံ့ပိုးပေးခြင်း၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ လျှော့ချခြင်းနှင့် ပွင့်လင်း မြင်သာမှု ပိုမိုအားကောင်းစေခြင်းစသည့် ဦးတည်ချက်များနှင့်အညီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့စေခြင်းဆိုင်ရာ အစီအစဉ် (Investment Facilitation Tools) များကို စီးပွားရေး လုပ်ငန်းအသိုက်အဝန်းသို့ စတင်မိတ်ဆက်သည့် “Unboxing Investment Facilitation Toolkit 2022” အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့၊ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

ခေတ်အဆက်ဆက် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသေးသည့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရန် လိုအပ် နေသော သုတေသနလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက် တစ်ခုဖြစ်သည့် မွေးမြူရေးသုတေသနဦးစီးဌာန အသစ်တစ်ခု တည်ထောင်ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ် ဩဂုတ် (၁၇)ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော  မွေးမြူရေးသုတေသနဦးစီးဌာန ဖွင့်ပွဲအခမ်းအနားကို

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး‌ဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားတက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်အတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၂) အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ် (၇၆) သင်တန်းဆင်းပွဲ အခမ်း အနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်္ဂလိပ်စာဘာသာရပ်လာရောက် ဖြေဆိုသူ စုစုပေါင်း ၂၈၁၃၉၇ ဦးရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှား နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေး (ASEAN+3 Finance and Central Bank Deputies’ Meeting - AFCDM+3) အစည်းအဝေးကို  ယနေ့ နံနက် ၈ နာရီခွဲ တွင် ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိန်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော သတင်းပြန်ကြားရေး ကောင်တာဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

(၁၃) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အရင်းအမြစ်ရှာဖွေဖော်ထုတ်ရေး၊ ကြီးကြပ်ရေးနှင့် စစ်ဆေးအကဲဖြတ်ရေးကော်မတီ အစည်းအဝေး (13th ASEAN Tourism Resourcing, Monitoring and Evaluation Committee Meeting) ကို ယနေ့နံနက် ၁၀ နာရီတွင် ဘရူနိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် လက်ခံကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ် ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ် မဟာသင်္ကြန် ရေသဘင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး တတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ မြို့တော် ခန်းမ ပထမထပ်ရှိ အစည်းအဝေး ခန်းမ(၄)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းတစ်ခုဖြစ်သည့် လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော် (Puppet Festival of Lancang-Mekong) ဒုတိယနေ့အစီအစဉ်များကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ မြနန်းဘုံစံရတနာပုံခန်းမ၌ Virtual စနစ်ဖြင့် ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခုခံကျ/ကာလသားရောဂါတိုက်ဖျက် ရေးစီမံချက်၊ တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်များ၏ ၂၀၂၂ ခုနှစ် ဒုတိယ (၃) လပတ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

မြေဩဇာကော်မတီ၏ (၃၅)ကြိမ် မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်နေသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီပြီး ဈေးနှုန်းသင့်တင့်သည့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချနိုင်ရေး အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

အရာထမ်း အခြေခံသင်တန်း အမှတ်စဉ်(၆၂)နှင့် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၈)တို့၏ သင်တန်းဆင်းစစ်ရေးပြ အခမ်း အနားကို ယနေ့ နံနက် ၈ နာရီတွင် တက္ကသိုလ်စစ်ရေး ပြကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ နှာခေါင်းစည်း ၆ ဒသမ ၃၈ တန်ကို တင်သွင်းကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၈၁၇၄၁ ဦးရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်