Mar 31, 2022
အနုပညာရှင်အဖွဲသားများ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းအပေါ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကန့်ကွက်ရှုတ်ချ
Mar 31, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်ပါမောက္ခချုပ် များ၊ ဆရာအတတ် ပညာဦးစီး ဌာနရှိ ပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီးများ၊ အခြေခံပညာဦးစီး ဌာနရှိ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Mar 31, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက်ပိုင်းတွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့် ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် မှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်သည်။
Mar 31, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည်ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 31, 2022
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်-၁၈ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပပြု လုပ်ခဲ့ရာ အဆိုပါအစည်းအဝေး သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Mar 31, 2022
သုတေသနဟူသော ဝေါဟာရတွင် သုတနှင့် ဧသနတို့ ပေါင်းစပ်ပါဝင် သည်။ သုတသည် အကြား၊ အမြင်ဖြစ်၍ ဧသနသည် ရှာမှီးခြင်းဟူ၍ ဖြစ်ရာ သုတေသနဆိုသည်မှာ အကြောင်း အရာ တစ်ရပ်ကို ခြေခြေ မြစ်မြစ် သိရှိနိုင်ရန် လေ့လာရှာဖွေဖော် ထုတ်ခြင်းပင်ဖြစ်သည်။ မသိသေးသည့်အရာကို သိလာခြင်းအားဖြင့် ပို၍တိုးတက်အောင် ပြုလုပ်လာနိုင်ခြင်းကြောင့် စိုက်ပျိုးရေးသုတေသန၊ ဆေးသုတေသန၊ သစ်တောသုတေသန၊ နိုင်ငံသမိုင်းသုတေသန၊ ရှေးဟောင်း သုတေသန စသည်ဖြင့်ဌာနများဖွဲ့စည်းကာ
Mar 31, 2022
တစ်ကမ္ဘာလုံး ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါဘေးကို မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှစ၍ ကြုံတွေ့ရင်ဆိုင် ဖြတ်သန်းလာခဲ့ရာ အခြားနိုင်ငံများ နှင့်နှိုင်းစာလျှင် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြင့် ဖြတ်ကျော်လာနိုင်ခဲ့သည်။ ကပ်ရောဂါဘေးကို ကျော်ဖြတ်ရာ၌ နိုင်ငံတော်အစိုးရ၏ အနီးကပ်ကြီး ကြပ်လမ်းညွှန်မှု၊ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများ၏ တက်တက် ကြွကြွဆောင်ရွက်မှုနှင့် ပြည်သူများ၏ အသိတရားဖြင့် နိုးကြားတက်ကြွစွာ ပါဝင် ဆောင်ရွက်မှုတို့ကြောင့် အကောင်းဆုံးအနေ အထားသို့ရောက်လာခဲ့သည်။
Mar 30, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ် - ၁၉ ကာလအတွင်း ထိခိုက်ခဲ့သည့် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများပြန်လည်တိုးတက်ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ နိုင်ငံကျော်အနုပညာရှင်များပါဝင်သည့် အဖွဲ့ တစ်ဖွဲ့ အား ပြည်တွင်းရှိ အထင်ကရနေရာများသို့ လိုက်လံ ပို့ဆောင်ပေးလျက်ရှိရာ မတ် ၂၉ ရက်တွင် မှတ်တမ်းဓာတ်ပုံဗီဒီယိုများ ရိုက်ကူးပြီး
Mar 30, 2022
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ ဆောင်ရွက်နေသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း များတွင်အသုံးပြုရန် အတွက် COVAX Facility မှထောက်ပံ့ပြီး UNICEF အဖွဲ့အစီအစဉ်ဖြင့် ပြည်ပမှတင်သွင်းသည့် Sinovac (CoronaVac) Vaccine သည် ယနေ့နေ့လယ် ၃ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးလေဆိပ်မှ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြောင်း သိရှိရသည်။
Mar 30, 2022
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ “ကံပွင့်” အမွှေးတိုင်အလုပ်ရုံအတွင်းသို့ မတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက PDF အမည်ခံအကြမ်းဖက်သမား ၇ ဦး ဝင်ရောက်လာပြီး သေနတ် များဖြင့် ခြိမ်းခြောက်ကာ အလုပ်ရုံဝင်းအတွင်း အမွှေးဆီများသိုလှောင်ထားသည့် ဂိုဒေါင်တစ်လုံးကို မီးရှို့ ဖျက်ဆီးပြီး အလုပ်ရုံအတွင်းရှိ အလှူခံပုံးအတွင်းမှ ငွေကျပ် ၂ သိန်းအား လုယက်ယူဆောင်ကာ အလုပ်ရုံမန်နေဂျာအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃၀-၃-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Mar 30, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်း များကို စနစ် တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံ မှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Mar 30, 2022
မသမာသူများအနေဖြင့် လူမှုကွန်ရက်ဖြစ်သည့် Facebook တွင် အမည်အမျိုးမျိုးဖြင့် ကိုယ်ပိုင် Page များ ဖွင့်လှစ်အသုံးပြုကာ ငွေစက္ကူ အတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင်ပြော ဆို၍ ၎င်းတို့နှင့်ဆက်သွယ်လာသူ ငွေစက္ကူ အတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည် ရယူမှုများ ဖြစ်ပွားလျက်ရှိသဖြင့် အဆိုပါ Facebook အကောင့်ပိုင်ရှင်များအား ဖမ်းဆီး ရမိရေးအတွက် အထူး အမှုစစ်အဖွဲ့များ ဖွဲ့စည်း၍ နည်းပညာအကူအညီရယူကာ စုံစမ်းရှာ ဖွေဖော်ထုတ်ခဲ့ရာ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ငွေစက္ကူ
Mar 30, 2022
၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံမှ ကြီးမှူး၍ ငြိမ်းချမ်းသော၊ ပူးပေါင်းပါဝင်မှုရှိသော၊ အဓွန့်ရှည် တည်တံ့မှုရှိသော၊ ကျန်းမာ ကြံ့ခိုင်ပြီး သဟဇာတရှိသော၊ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် ယဉ်ကျေးမှု ဆိုင်ရာ ကာကွယ်တားဆီးရေးကြေညာချက်ဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ၅ ကြိမ်မြောက် အစည်းအဝေး (5th CoP) နှင့် ၃၂ ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (32nd SOCA) များကို မတ် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Mar 30, 2022
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်၌ ကုန်တင်မော်တော်ယာဉ်များနှင့် အိမ်စီးမော်တော်ယာဉ်များအား မတ် ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ ကြောင်းသိရှိရသည်။
Mar 30, 2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘောဂသီရိ အဝေးပြေးကားဝင်းအနီးရှိ မီးပွိုင့် လမ်းဆုံတွင်လည်းကောင်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်အနီး မီးပွိုင့်လမ်းဆုံတွင် လည်းကောင်း၊ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းအနီး လမ်းဆုံတွင် လည်းကောင်း၊ ပင်လောင်းမီးပွိုင့် လမ်းဆုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်း အတွင်း၌ လည်းကောင်း မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာ ကြီးများကို စိုက်ထူထားရှိသည်။
Mar 30, 2022
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော် သည် ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နှစ်ပတ်လည်နေ့အထိမ်းအမှတ် အကြိုစာတမ်း ဖတ်ပွဲ ဒုတိယနေ့အခမ်းအနားသို့ တက်ရောက်သည်။
Mar 30, 2022
ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးနေသော PDF အမည်ခံ သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်း(ဗဟို)က သဘောထားထုတ်ပြန်
Mar 30, 2022
ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးနေသော PDF အမည်ခံ သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဗုဒ္ဓကလျာဏယုဝအသင်းကြီး (YMBA)(ဗဟို)က သဘောထားထုတ်ပြန်
Mar 30, 2022
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရေမြေတောတောင် သဘာဝအလှရှုခင်းများ၊ သမိုင်းဝင်အမွေအနှစ် အဆောက် အအုံများဖြင့် တင့်တယ်လှပလျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွား များကပါ စဉ်ဆက်မပြတ် လာရောက် လေ့လာလျက်ရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိခဲ့ခြင်းဖြစ်ပါသည်။