Skip to main content

Dec 10, 2022

အမျိုးသားရေးမျှော်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးတို့ကို အကောင်အထည်ဖော်ရာတွင် နိုင်ငံ့ဝန်ထမ်းများက အဓိကဆောင်ရွက်ကြရသူများဖြစ်သည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေးကာ ပြည်တွင်းစီးပွားရေးကို မြှင့်တင်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုလျော့ကျလာရေးကို ဦးတည်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ရာ ဝန်ထမ်းများအရည်အသွေးမြင့်မားပြီး တစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားကောင်းမွန်မှုတို့မှာ အခြေခံကျသော လိုအပ်ချက်များပင်ဖြစ်သည်။ ဝန်ထမ်းတစ်ဦးချင်း ကိုယ်ကျင့်တရား ကောင်းမွန်သည့် ဝန်ထမ်းအဖွဲ့အစည်းသည် ပြည်သူကယုံကြည်လေးစားမှုကိုရရှိပြီး ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်းလည်း ဖြစ်လာမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2022

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2022

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited မှ အထောက်အကူပြုရေယာဉ်များဖြစ်သည့် HAI DUONG 29 နှင့် HAI DUONG 38 ရေယာဉ်တို့သည် ဇောတိကစီမံကိန်းကမ်းလွန်လုပ်ကွက်၌ လုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံရေပြင်အတွင်း ဖြတ်သန်းလာစဉ် ဒီဇင်ဘာ ၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် မြိတ်မြို့၏အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်အကွာသို့အရောက်၌ ဘင်္ဂါလီလူမျိုးများ တင်ဆောင်လာသည့် လှေ ၁ စီးသည်ရေဝင်၍ နစ်မြုပ်လုနီးပါးဖြစ်နေသည်ကို တွေ့ရှိရသဖြင့် ကယ်ဆယ်ထားကြောင်း တပ်မတော်(ရေ)မှ လုံခြုံရေးစစ်ရေယာဉ်များသို့ သတင်းပေးပို့လာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2022

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၈-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၉-၁၂-၂၀၂၂) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၁၀၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၉)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၃၇) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2022

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” တို့ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2022

နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ဟု ဆိုသည့်အတိုင်း ရှေးခေတ်အဆက်ဆက် မှ တည်ရှိခဲ့သည့် မြန်မာ့တိုင်းရင်း ဆေးပညာသည် ယနေ့မျက်မှောက်ခေတ် ကာလတိုင်အောင် အစဉ်အဆက် အားကိုးအားထား ပြုနေရဆဲဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Dec 09, 2022

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၏ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် (၁၆)ကြိမ်မြောက် ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် စင်တင်တင်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2022

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီး Mr. Mongkol VISITSTUMP ကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2022

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (Advanced Accounting and Auditing Training School) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visits-tump ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2022

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပေါ်နေစဉ်ကာလတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။ ထိုအခါ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ၌ နိုင်ငံရေးပယောဂများ ဝင်ရောက်လွှမ်းမိုးပြီး ကျန်းမာရေးကဏ္ဍ ယိုင်လဲလုနီးပါးဖြစ်ပေါ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူများမှာ အားကိုးရာမဲ့ပြီး အခက်အခဲ များဖြစ်ခဲ့ရာ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့များက လိုအပ်သည့်နေရာများ၌ အရေးပေါ်ကူညီကုသပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 09, 2022

ဆီထွက်သီးနှံနေကြာကို လျာထားချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးရေး၊ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကြိုးပမ်းလျက်ရှိကြသည်။ မြန်မာနိုင်ငံတွင် ဆန်နှင့်ဆီသည် အဓိကအစားအစာများဖြစ်ရာ ဆန်သည် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု ဖူလုံသော်လည်းဆီမှာ မဖူလုံသည့်အတွက် ပြည်ပမှနှစ်စဉ် အမေရိကန်ဒေါ်လာ သန်းနှင့်ချီ၍ ဝယ်ယူစားသုံးနေကြရသည်။ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်နှုန်းကောင်းမွန်ပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုသည့် နေကြာသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန် နိုင်ငံတော်က တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2022

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော်(အထီး)ကလေး (၁)စီးအား ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာအချိန် ၀၆:၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2022

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့၏ (၂၈)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နေ့လယ်(၁)နာရီတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)ရှိ မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဆရာတော်များ၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့ ဆရာတော်များ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့မှ သင်ကြား/စီမံဆရာတော်များနှင့် ဘွဲ့ခံသံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ပူဇော်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2022

(၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2022

ယနေ့စတင်ကျင်းပတဲ့ (၂၁)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနဲ့ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို တက်ရောက်လာကြတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဧည့်သည်တော်များ မြန်မာ့တိုင်းရင်းဆေးသမားတော်များနဲ့ နှီးနွှယ်ပညာရှင် ကိုယ်စားလှယ် အပေါင်းတို့ခင်ဗျား။

ဆက်လက်ဖတ်ရှုရန်

Dec 08, 2022

“မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေး”ကို ယနေ့ မွန်းလွဲပိုင်း တွင် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်