Dec 13, 2022
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၂-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၀၀၀)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃) ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၂) ရာခိုင်နှုန်းရှိပါသည်။
Dec 13, 2022
စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကနဦးရင်းနှီးမြှုပ်နှံခြင်းနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ငွေအဖြစ် ထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးတောင်သူများ တက်ရောက်ကြသည်။
Dec 13, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆောင်ရွက်သည့် မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်တကွ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသားများက နေပြည်တော်ရှိ Aureum Palace Hotel ၌ လည်းကောင်း၊ AHA Centre မှ Executive Director Mr. Lee Yam Ming နှင့် တာဝန် ရှိသူများက Online မှလည်းကောင်း တက်ရောက် ကြသည်။
Dec 13, 2022
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော် MICC-II ခန်းမ၌ ကျင်းပပြုလုပ်မည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်း ပဟေဠိ - ဒေသတွင်းအဆင့် ပြိုင်ပွဲ (10thASEAN Quiz-Regional Level) သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံကိုယ်စားပြု ကျောင်းသားကျောင်းသူများနှင့် အုပ်ချုပ်သူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များသည် ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းမှစတင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ (အောက်ပုံ) ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ပြီး ခေတ္တတည်းခိုကြမည့် ဟိုတယ်များသို့ ပို့ဆောင်နေရာချထားပေးသည်။
Dec 13, 2022
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော် MICC-II ခန်းမ၌ ကျင်းပပြုလုပ်မည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်းအဆင့်ပြိုင်ပွဲ (10th ASEAN Quiz-Regional Level) သို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံကိုယ်စားပြု ကျောင်းသားကျောင်းသူများနှင့် အုပ်ချုပ်သူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀ သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး(ယာပုံ) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel သို့ ရောက်ရှိကြရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။
Dec 13, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ် အရောင်းဆိုင်နှင့် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးသည်။
Dec 13, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် ခရမ်းကိုင်းကျေးရွာအုပ်စု၊ ဧက ၂၀၀ ရှင်းလင်းဆောင်တွင် တောင်သူလယ်သမားများ၊ ရေအသုံးချသူများအဖွဲ့ (Water User Group)၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Dec 13, 2022
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) နှစ်စီးဖြင့် ပြည်ထောင်စုနယ်မြေရှိ လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီးဌာနများ ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနများသို့ ကွင်းဆင်းကုသ ဆောင်ရွက်ပေးနေမှုကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါကွင်းဆင်းကုသမှု ဆောင်ရွက်ပေးနေမှုကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးမြင့်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်တို့ကလည်း ဝန်ကြီးဌာနအလိုက် ကြည့်ရှုအားပေးကြသည်။
Dec 13, 2022
မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရွက်ပုန်းသီး (အမျိုးသမီး) ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍
Dec 13, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် အခြေခံလူဦးရေစာရင်းမှ စာရင်းထပ်နေမှုများအား CROSS CHECK စနစ်ဖြင့် စိစစ်သန့်စင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
Dec 13, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 13, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ပထမအချက်တွင် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများအပါအဝင် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်” ဟု ဖော်ပြထားသည်။ ပဉ္စမအချက်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟု ဖော်ပြထားသည်။
Dec 13, 2022
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လူသားအရင်းအမြစ် (Humen Resources)က အရေးအပါဆုံးဖြစ်သည်ကို ပညာရှင်အားလုံးက လက်ခံထားကြပြီးဖြစ်သည်။ အနာဂတ်ကာလ နိုင်ငံတည်ဆောက်ရေးအတွက် စဉ်ဆက်မပြတ်ဖော်ဆောင်နိုင်ရန် ပစ္စုပ္ပန်ကာလတွင် ပညာရေး၌ ရင်းနှီးမြှုပ်နှံမှုကို အဓိကထား၍ ပြုလုပ်ကာ လူသားအရင်းအမြစ်ကို ပြုစုပျိုးထောင်ကြရသည်။
Dec 12, 2022
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ် ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၁-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၁၈၈) ခုအား စစ်ဆေးပြီး စီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁) ရာခိုင်နှုန်း ရှိပါသည်။
Dec 12, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHHOUK Bunna အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Dec 12, 2022
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၃၂)ကြိမ်မြောက်နှစ်ပတ် လည်အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ တက်ရောက်သည်။
Dec 12, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ကြည့်ရှုအားပေးစကား ပြောကြားသည်။
Dec 12, 2022
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းတက်ရောက် မိန့်ခွန်း ပြောကြားသည်။
Dec 12, 2022
တပ်မတော်နည်းပညာတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော်နည်းပညာ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးကြီး သောင်းနိုင်နှင့် တပ်မတော်နည်းပညာ တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။