Skip to main content

Dec 07, 2022

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၅ ရက်က တက္ကသိုလ်၌ ဖွင့်လှစ်လျက်ရှိသော အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ သင်တန်းအမှတ်စဉ် (၇)၊ အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၀) နှင့် စာရေးဝန်ထမ်းအခြေခံသင်တန်း အမှတ်စဉ်(၁၀၂) သင်တန်းများ၏ သင်တန်းခန်းမများ၌ သင်တန်းအလိုက် ဆွေးနွေးပို့ချနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၂ ခုနှစ် စက်တင်ဘာလပထမပတ်က သွားရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံခရီးစဉ်မှ ပေါ်ထွက်လာသော အကျိုးရလဒ်များကို လက်တွေ့မြင်တွေ့နိုင်ပြီဖြစ်သည်။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ကူးလူး ဆက်ဆံမှုများမှသည် နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများကို စတင် ဖော်ဆောင်လာပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 07, 2022

ခေတ်မီဆေးဝါးအတတ်ပညာများမပေါ်ပေါက်မီ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူ့အဖွဲ့အစည်းတို့တွင် ကျန်းမာရေးအတွက် ရိုးရာဆေးပညာကုထုံးများနှင့် ဆေးဝါးများကိုသာ အားကိုးအားထားပြု သုံးစွဲခဲ့ကြရသည်။ မြန်မာ့တိုင်းရင်းဆေးသည်လည်း ရှေးနှစ်ထောင်နှင့်ချီသည့် ကာလကပင် ရှိခဲ့ပြီး တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် စသည့်ခေတ်အဆက်ဆက် တို့တွင် တစ်စတစ်စခိုင်မြဲအခြေကျလာခဲ့ခြင်းဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးပညာတွင် အိန္ဒိယ ဆေးကျမ်းများ၏ ဩဇာလွှမ်းမိုးမှုများရှိခဲ့သလို မြန်မာမင်းများက ပတ်ဝန်းကျင်နိုင်ငံများကို သိမ်းသွင်းရာမှ ဆေးဝါးအတတ် ကျွမ်းကျင်သူများ၊ အရိုးကျိုး အရိုးဆက်ကျွမ်းကျင်သူများကိုပါ ခေါ်ဆောင်လာခဲ့သည်များလည်း ပေါင်းစည်းပါဝင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၆ နာရီခန့်တွင် မြေနုကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာသို့အရောက်၌ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မိမိဘက်မှပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာအတွင်းရှိ မီးရှို့ဖျက်ဆီးပြီး ကျေးရွာအရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာအတွင်း နေအိမ် ၁၆၀ လုံး ရှိသည့်အနက် နေအိမ် ၂၀ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေး(၂/၂၀၂၂)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားဖက်ဒေရေးရှင်းနိုင်ငံ ၊ နိုင်ငံခြားစီးပွားရေးဆိုင်ရာအဖွဲ့အစည်း (JSC “Tyazhpromexport”) ၏ ညွှန်ကြားရေးမှူးချုပ် Mr. Sergey Egorov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်ဂါရ၀ပြုတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၅-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၆-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၈၀၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်(၁၇)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၂၅) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ဖြင့် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ လေ့လာရေးသွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ဖြင့် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ လေ့လာရေးသွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် “(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဆောင်းပါးပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ (၇၅)နှစ်စိန်ရတုတိုင်ဖြတ်သန်းခဲ့သည့် လွတ်လပ်ရေး၏အနှစ်သာရများ၊ သမိုင်းမှတ်တမ်းတစ်လျှောက် အစဉ်အလာကြီးမားခဲ့သည့် လွတ်လပ်ရေးနေ့၏ပုံရိပ်များနှင့် လွတ်လပ်ရေးကိုထိန်းသိမ်းစောင့်ရှောက်မည့် မွန်မြတ်သောရည်ရွယ်ချက်များ အစရှိသည်တို့ကို ဖော်ညွှန်းရေးသားထားသော ဆောင်းပါးများဖြင့် ပါဝင်ယှဉ်ပြိုင်ကြရမည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဦးဆောင်၍ ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

တတိယအကြိမ်မြောက် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်ခဲ့သော အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၀) ၏ သင်တန်းဖွင့်အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရုရှားနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ms. Natalia A. Bocharova နှင့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၅ နာရီတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 06, 2022

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး အလွတ်တန်း ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်