Skip to main content

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ် (၃/၂၀၂၃) နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၃/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၁၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၃/၂၀၂၃)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်(၃/၂၀၂၃) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီးဦးအေးကျော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်း များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ်ကဏ္ဍသည် အဓိကအခန်းကဏ္ဍ၌ ပါဝင်လျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့သင်ယူလေ့လာခဲ့သည့် စာတွေ့/လက်တွေ့သင်ခန်းစာများကို အချင်းချင်းနှီးနှောတိုင်ပင်ဆွေးနွေးပြီး နည်းပညာအသစ်များကို စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းအားထုတ်၍ လုပ်ငန်းခွင်များတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်သွားကြရန်နှင့် လျှပ်စစ်အင်ဂျင်နီယာ ကောင်းများအဖြစ်ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်းစေတနာအပြည့်ဖြင့် စွမ်းစွမ်းတမံကြိုးစားအားထုတ် ဆောင်ရွက်သွားကြ စေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ထိန်းသိမ်း ပြုပြင်ခြင်းသင်တန်းအမှတ်စဉ်(၃/၂၀၂၃)တွင် ထူးချွန်ဆုရရှိသူ သင်တန်းသားများအားလည်းကောင်း၊ ဒုတိယဝန်ကြီးက အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်(၃/ ၂၀၂၃)တွင် ထူးချွန်ဆုရရှိသူသင်တန်းသားများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးတို့က သင်တန်းဆင်းလက်မှတ် များကို သင်တန်းသားများထံပေးအပ်ကြသည်။

အဆိုပါ သင်တန်းများတွင် သင်တန်းသားသင်တန်းသူများကို လျှပ်စစ်ဓာတ်အားထုတ်လုပ်/ ပို့လွှတ်/ဖြန့်ဖြူးမှုလုပ်ငန်းများ၌ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာများဖြစ်သည့် Internet of Things (IOT), Artificial Intelligence (AI), Digital Substation နည်းပညာများကို အသုံး ပြု၍ ကုန်ကျစရိတ်သက်သာခြင်း၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရမှုနည်းပါးခြင်းစသည့် ထိရောက်သောစွမ်းဆောင်ရည်များ ရရှိနိုင်မည့် AIS, GIS, Mixed Technology Switchgear(MTS), Unmanned နည်းပညာသုံး ဓာတ်အားပေးစက်ရုံနှင့် ပင်မဓာတ်အားခွဲရုံဒီဇိုင်းများ ရေးဆွဲတတ်စေရန်၊ လျှပ်စစ်ပစ္စည်းများ စမ်းသပ်စစ်ဆေးခြင်း၊ ထိန်းသိမ်းမောင်းနှင်ခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန် Brainstorming Technique ဖြင့် သင်ကြားပေးခဲ့ ကြောင်း သိရသည်။

သတင်းစဉ်