Dec 12, 2022
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၄) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်နှင့် ကျောင်းဆင်းဗိုလ်လောင်းများတက်ရောက်ကြသည်။
Dec 12, 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)ရှိ Inani ကမ်းခြေတွင် ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များ တွေ့ဆုံပွဲ International Fleet Review-2022 (IFR-2022) သို့တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီး သိန်းစိုး ဦးဆောင်လိုက်ပါသွားသော ဒုံးပျံတင် ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမှတ် (၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာရာ သန်လျင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
Dec 12, 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ ယနေ့နံနက်ပိုင်းက PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Dec 12, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Dec 12, 2022
စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ငါးလုပ်ငန်း(သိပ္ပံ)ကျောင်းသစ်ဖွင့်ပွဲနှင့် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသတင်းတန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တွံတေးမြို့နယ်ရှိ အဆိုပါသင်တန်းကျောင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 12, 2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် ဗဟိုလမ်းနှင့် မြို့သစ်ရပ်ကွက်၊ ငုရွှေဝါလမ်း၊ မင်္ဂလာလမ်းတို့ရှိ နိုင်လွန်ကတ္တရာလမ်းများဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ နေရာအသီးသီး၌ ပြုလုပ်ကြရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သန်းထိုက်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
Dec 12, 2022
မြန်မာ-ရုရှား နှစ်နိုင်ငံပူးပေါင်း၍ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” တို့ ပူးပေါင်းဆောင်ရွက်ကြမည့် စီမံကိန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးခြင်း အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲက နေပြည်တော်ရှိ ရုံးအမှတ် (၂၇) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရဲရွာခန်းမ၌ ကျင်းပသည်။
Dec 12, 2022
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်း၏ အကြိမ်(၃၀)မြောက် နှစ်ပတ်လည် ပုလဲရတု၏ အသင်းသားစုံညီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။
Dec 12, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေး ရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် လေဆိပ်ကုန်လှောင်ရုံ၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သတ်မှတ်ရက်ထက်ကျော်လွန်၍ လာရောက်ထုတ်ယူခြင်းမရှိသော လျှပ်စစ်ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၂၄၆၁၀)ကို လည်းကောင်း၊ ထီးတန်းဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)နှင့် ကိုက်ညီ မှုမရှိသော တံမြက်စည်းနှင့် ဆက်စပ်ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေ ကျပ် ၄၅၇၂၁၂၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၉၆၇၃၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Dec 12, 2022
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) စက်ရုံခန်းမသို့ရောက်ရှိရာ စက်ရုံမှူးက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။
Dec 12, 2022
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ဒသမ အကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ- ဒေသ တွင်းအဆင့် (10thASEAN Quiz-Regional Level) ပြိုင်ပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများသည် ယနေ့ နံနက်ပိုင်းမှစတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး ခေတ္တတည်းခိုကြမည့် ဟိုတယ်များသို့ ပို့ဆောင်နေရာချထားပေးသည်။
Dec 12, 2022
သဘာဝအလှအပကို ကြည့်ရှုခံစားလိုကြသော ဧည့်သည်များစိတ်ချမ်းမြေ့ ကြည်နူးကြ စေရန် သာမက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် အစဉ် သန့်ရှင်းသာယာလှပရေးကိုပါ စနစ်တကျ စီမံဆောင် ရွက်စေလိုပါကြောင်း၊ ခရီးသွားများတစ်ဆထက် တစ်ဆပိုမိုလာရောက် လည်ပတ်လာပါက ဖြစ်ပေါ် လာနိုင်သည့် အမှိုက်သရိုက်များနှင့် စွန့်ပစ်ပစ္စည်းများ ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုထိုမှတစ်ဆင့် ကျန်းမာရေးထိခိုက်မှု မရှိစေရန်အတွက် အသိပညာ ပေးမှု၊ ကြီးကြပ်ထိန်းသိမ်းမှုနှင့် အခါမလပ်မပြတ်နှိုးဆော်ပြုပြင်မှုများကို အထူးအလေး ထားဆောင် ရွက်စေလိုပါကြောင်း ယမန်နေ့နံနက်ပိုင်းက ကလော မြို့နယ် ရေယောင်းမကျေး ရွာတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အကောင် အထည်ဖော် လျက်ရှိသော ရေယောင်းမကျေးရွာ လူထုအခြေပြုခရီးသွားလုပ်ငန်းနေရာသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဌေးအောင်က တာဝန်ရှိသူများကို မှာကြားသည်။
Dec 12, 2022
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစားတစ်ခုပင်ဖြစ်ပါသည်။
Dec 12, 2022
မျက်မှောက်ကာလ ကမ္ဘာလောကကြီး၌ လူမှုဘဝများ တိုးတက်ပြောင်းလဲလာသည်နှင့်အတူ ရောဂါအသစ်အဆန်းအမျိုးမျိုးတို့လည်း အတူတကွဖြစ်ပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ လက်ရှိတွင် ကိုဗစ်-၁၉ကပ်ရောဂါကဲ့သို့ ကူးစက်ရောဂါများ ဖြစ်ပွားနေဆဲဖြစ်သည့်အပြင် မကူးစက်နိုင်သောရောဂါအမျိုးမျိုးနှင့် အခြားရောဂါများကိုလည်း ကြုံတွေ့ခံစားနေရသည်။ ဝေဒနာရှင်များအနေဖြင့် ရောဂါပျောက်ကင်းရေးအတွက် ကုန်ကျစရိတ်များသဖြင့် အခက်အခဲများနှင့်ကြုံတွေ့ကြ ရသည်။
Dec 12, 2022
ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရဓာတ်ခြောက်မျိုးတွင် အဆီဓာတ်လည်းပါဝင်သည်။ သီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ နေကြာ စသည်တို့မှရရှိသော ဆီအမျိုးမျိုးနှင့် ဝက်၊ အမဲ စသည့် တိရစ္ဆာန်အဆီများမှရရှိသော အဆီဓာတ်သည် အင်အားဖြစ်စေသော အဆီအုပ်စုတွင်ပါဝင်သည်။ သို့ရာတွင် လိုအပ်သည့်ပမာဏထက်ပို၍ စားသုံးနေမည်ဆိုပါက အင်အားဓာတ်လွန်ကဲလာစေပြီး ကိုယ်အလေးချိန်တိုးလာမည်ဖြစ်သည့်အပြင် ရေရှည်တွင် နှလုံးသွေးကြောကျဉ်း၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံး၊ အဝလွန်၊အဆစ်ရောင် စသည့်ရောဂါများ ဝင်ရောက်လာမည်ဖြစ်သည်။
Dec 11, 2022
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၀-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၁-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၂၁၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၉) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၉၂) ရာခိုင်နှုန်းရှိပါသည်။