Dec 31, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် “ရနန္ဒက” ဆင်ဖြူတော်ပုံဖြင့် (၂၀၀ ကျပ်တန်) အထူးထုတ်စာပို့တံဆိပ် ခေါင်းသစ် (၁)မျိုးအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်၊ (ဗုဒ္ဓဟူးနေ့) နံနက် (၉) နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။
Dec 31, 2022
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Dec 31, 2022
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိစေရန်အတွက် နိုင်ငံတကာ နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show)များကို ဒီဇင်ဘာ ၃၁ ရက်နေ့ညတွင် နေပြည်တော် ရေပန်းဥယျာဉ်၌လည်းကောင်း၊ ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌လည်းကောင်း၊ မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌လည်းကောင်း ကျင်းပကြမည်ဖြစ်သည်။
Dec 31, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဖျာပုံ - ကျုံကဒွန်း - ဒေါ်ညိမ်း- အမာလမ်းပေါ်ရှိ တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၅) မှ တည်ဆောက်နေသည့် ဘားလား တူးမြောင်းတံတား၊ ဘားလားချောင်းတံတားဟောင်း တံတားနှင့် ဖက်လက်တံတား တည်ဆောက်ရေး စီမံကိန်းနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 31, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၇ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မောင်တော-ကြိမ်ချောင်း ကားလမ်း အောင်ဇေယျ ကျေးရွာအနီးတွင် မော်တော်ယာဉ်တစ်စီးပေါ်၌ တရား၀င် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Mond တံဆိပ် စီးကရက်တောင့် ၇၅၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Daihatsu Hijet အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၆၇၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Dec 31, 2022
ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
Dec 31, 2022
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့က ထားဝယ်အကျဉ်းထောင်ကိုလည်းကောင်း၊ ယနေ့တွင် ထားဝယ်မြို့မရဲစခန်း အချုပ်ခန်းကိုလည်းကောင်း သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
Dec 31, 2022
လာအို - မြန်မာ - ထိုင်း သုံးနိုင်ငံအကြား မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် (Precursor) ပရီကာဆာ ဓာတုပစ္စည်းများ ရွှေတြိဂံဒေသသို့ မဝင်ရောက်စေရေးအတွက် ထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ ပတ္တရားမြို့ရှိ The Heritage Pattaya Beach Resort ၌ ကျင်းပခဲ့သည်။
Dec 31, 2022
(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” Seson-2 ပွဲစဉ်(၁၈) Grand Final ပြိုင်ပွဲကို ယနေ့ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကား စတူဒီယို(အေ)တွင် ကျင်းပသည်။
Dec 31, 2022
ဒေသဝမ်းစာဖူလုံရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး လုပ်ငန်းများထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးမြေများ ထိခိုက်လျော့ပါးမှုမရှိစေရန် မြေယာမူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိသကဲ့သို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အကျိုးရှိစွာ အသုံးချ၍ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင် ရေးကိုလည်း စနစ်တကျ အားပေးမြှင့်တင်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၉)ကြိမ်မြောက် အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။
Dec 31, 2022
မြန်မာတို့၏ ရိုးရာအမွေအနှစ် ကိုယ်ခံပညာတစ်ရပ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်း ဖွံ့ဖြိုး တိုးတက်စေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ရွက်ပုန်းသီးမျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် မြန်မာ့သိုင်းပညာရပ်များ နိုင်ငံတကာသို့ ပျံ့နှံ့ရောက်ရှိစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။
Dec 31, 2022
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည်မှာ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခါသမယသို့ ရောက်ရှိလာပြီဖြစ်သည်။ ဘိုးဘွားဘီဘင်များက လွတ်လပ်ရေးကို အသက်၊ သွေး၊ ချွေး၊ ဘဝများပေးဆပ်ကြကာ ခက်ခက်ခဲခဲ ရယူပေးခဲ့သည့်လွတ်လပ်ရေးကို မျက်မှောက်ကာလ လွတ်လပ်သောနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့က ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် တာဝန်ရှိပေသည်။
Dec 31, 2022
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအတည်ပြုထုတ်ပြန်နိုင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲပေးခဲ့သည့် နိုင်ငံဖြစ်သည်။ လူ့အခွင့်အရေးသည် လူသားအားလုံးနှင့် သက်ဆိုင်သည့် အခြေခံစံနှုန်းများဖြစ်ပြီး မိမိတို့၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် သူတစ်ပါး၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးတို့ကိုလည်း အသိအမှတ်ပြု လေးစားတန်ဖိုးထားခြင်း၊ တန်းတူရည်တူရှိစေခြင်းတို့လည်း လိုအပ်သည်။
Dec 30, 2022
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။
Dec 30, 2022
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့ကြောင်း သိရှိရသည်။
Dec 30, 2022
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၉-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၂၇၈) ခုအား စစ်ဆေးပြီးစီး ခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၄) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင် နှုန်းမှာ (၀.၃၈) ရာခိုင်နှုန်း ရှိပါသည်။