Skip to main content

Dec 30, 2022

ပြည်တွင်းအထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်း၌ ရက်လုပ်သော အဝတ်အထည်များ အရည်အသွေးတိုးတက်စေရန်၊ အထည်အလိပ်လုပ်ငန်းများအတွက် လိုအပ်သော ချည်မျှင်များ ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်တို့အတွက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့ရှိ အမှတ် (၇) အထည်စက်ရုံ (မြစ်သား) သို့သွားရောက်၍ အဆင့်မြင့်ချည်မျှင်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇) စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းက မင်္ဂလာသီရိဟိုတယ်၌ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ တာဝန်ခံများ၊ အထွေထွေ မန်နေဂျာများနှင့် ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော ဝန်ထမ်းများကို မိသားစုသဖွယ် အသိအမှတ်ပြုသောအားဖြင့် မိတ်ဆုံနေ့လယ်စာစားပွဲများ လစဉ်ကျင်းပပေးလျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ တတိယအကြိမ် မိတ်ဆုံစားပွဲကို အဆိုပါဝန်ကြီးရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှစ်သစ်ကူးမိတ်ဆုံစားပွဲနှင့် ကံစမ်းမဲအစီအစဉ်များကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း ရုံးအမှတ် ၄၄ တွင် ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး တက်ရောက်၍ အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

၁။ မော်တော်ယာဉ်များတွင် မီးတပ်ဆင်ခြင်း၊ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ၂၀၂၂ ခုနှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများ၊ နည်းဥပဒေ ၄၆ နှင့် နည်းဥပဒေ ၄၇ တို့တွင် ပြဌာန်းထားပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး Mr. Deng Xijun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် (သောကြာနေ့)၊ ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ်(၄၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

ရဲဘော်စိတ်ဟူသည် ရဲဘော် အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်သည်နှင့်အညီ တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည် အဆင့်အတန်းအားလုံး ရဲဘော်စိတ်အပြည့်ထားရှိပြီး အထက်အောက် ညီညွတ် မျှတသည့် အုပ်ချုပ်မှုစနစ်ရှိရန် လိုအပ်ကြောင်း တပ်မတော်အကြီးအကဲမှ လမ်းညွှန်မှာကြား ထားသည်ဖြစ်ရာ အုပ်ချုပ်မှု ညီညွတ်မျှတစေရန်အတွက် ကွပ်ကဲအုပ်ချုပ်ရာ၌ တပ်မှူး ကောင်းစိတ်ဓာတ် (Commander Spirit)၊ ဖခင်သဖွယ်စိတ်ဓာတ် (Fatherly Spirit) တို့ဖြင့် ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန သပြေဝ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုက ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ (၁၆) ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သုတေသန အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၂) အစည်းအဝေးကို ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရုံးအမှတ်(၃၄) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် (Precursor) ပရီကာဆာဓာတုပစ္စည်းများ ရွှေတြိဂံဒေသသို့ မဝင်ရောက်စေရေးအတွက် ထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ ပတ္တရားမြို့ရှိ The Heritage Pattaya Beach Resort ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲ စတုတ္ထနေ့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ဆက်လက်ကျင်းပရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးများနှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ကပြဖျော်ဖြေကြမည့် ယဉ်ကျေးမှုအကအဖွဲ့များ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာ ကြည့်ရှုကြသဖြင့် အထူးစည်ကားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံဖူဆယ် (အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်း အနားတွင် ချီတက်ဂုဏ်ပြုမည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော် ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် လူငယ်နှင့် စာပေအနုပညာ ပြပွဲ နောက်ဆုံးနေ့အဖြစ် ယနေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC II) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဖျာပုံ-ကျုံကဒွန်း-ဒေါ်ညိမ်း-အမာလမ်းပေါ်ရှိ ဒေးဒလူတံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါ တံတားအနီး မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2022

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် တေစိုးကျေးရွာအနီးရှိ အဆိုပါ ဓာတ်အားပေးစက်ရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်