Skip to main content

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် ပါဝင်သည့်နိုင်ငံများနှင့် စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုအပေါ်အသိပညာမျှဝေဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၁၃

သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ်(၃၃) ဆွေးနွေးပွဲအဖြစ် “ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင် ပါဝင်သည့် နိုင်ငံများနှင့် စီးပွားရေးနှင့်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုအပေါ် အသိပညာမျှဝေဆွေးနွေး ခြင်းအစီအစဉ်ကို ယနေ့ မွန်းလွဲပိုင်း တွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ဆွေးနွေးမည့် အကြောင်း အရာမှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အနာဂတ်သယ်ယူပို့ဆောင်မှုတို့အား ကမ္ဘာနှင့်ချိတ်ဆက်ဆောင် ရွက်နေသည့် အကြောင်းအရာများကို သိရှိနိုင်မည်ဖြစ်ပြီး အရာထမ်း၊ အမှုထမ်းများအနေဖြင့် လက်ရှိ ကမ္ဘာ့ဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများကို သိရှိထားခြင်းဖြင့် ကမ္ဘာနှင့် ရင်ပေါင်တန်းဆောင်ရွက် နိုင်ရန် စိတ်ပါဝင်စားစွာဖြင့် ပြည့်ပြည့်ဝဝ ဆွေးနွေးမေးမြန်းကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်သိင်္ဂီထွန်းက “ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းတွင်ပါဝင်သည့် နိုင်ငံများနှင့် စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှုအပေါ် အသိပညာမျှဝေ ဆွေးနွေးခြင်း ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းနှင့် ဖြည့်စွက် ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

သတင်းစဉ်