Sep 06, 2023
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် ဒေါက်တာမိုဟာမက်မွန်(န)ဝါဟူစိန်အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Sep 06, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ လူငယ်သီတင်းပတ်(Youth Week)အထိမ်းအမှတ် လူငယ်စွမ်းရည်ပြပွဲများကို လှည့်လည်ကြည့်ရှုအားပေးသည်။
Sep 06, 2023
၂၀၁၆-၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသွားကြသူများ ပြန်လည်လက်ခံရေးအစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုလသမဂ္ဂအပါအဝင် မြန်မာနိုင်ငံနှင့် သဘောတူညီထားရှိချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ သို့သော် နောက်ကွယ်မှအကြောင်းတရားများနှင့် ဖိအားပေးမှု၊ အကျပ်ကိုင်မှုများကြောင့် နေရပ်ပြန်ရေးအစီအစဉ်များကို အပြည့်အဝ အကောင်အထည်မဖော်နိုင်သေးပေ။
Sep 06, 2023
မိမိတို့နိုင်ငံတွင် လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ နိုင်ငံသားများဟူ၍ ဖွင့်ဆိုထားသည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ လူငယ်ဦးရေအချိုးသည် မြင့်တက်လျက်ရှိပြီး လူငယ်ဦးရေများပြားနေသည့်အတွက် ‘‘လူဦးရေဆုလာဘ်’’ကို ရရှိခံစားနေရသည်ဟုလည်းဆိုသည်။ လူတစ်ယောက်၏ လူငယ်ဘဝအသက်အပိုင်းအခြားသည် လှုပ်ရှားတက်ကြွသည့်အရွယ်၊ ဖွံ့ဖြိုးတိုးတက်သည့် အရွယ်ဖြစ်ပြီး လူသားတစ်ယောက်၏ အမြင့်ဆုံးသောစွမ်းရည်များကို ပြသနိုင်သည့်အရွယ်လည်းဖြစ်သည်။
Sep 05, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Sep 05, 2023
မြန်မာ့မီးရထား၊ တိုင်းအမှတ်(၆)နယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ဘူတာ၏ တောင်ဘက်(တော်ဝိဘူတာဘက်ခြမ်း)၌ ယနေ့နံနက် ၂ နာရီခွဲခန့်တွင် ပေါက်ကွဲသံကြားရသဖြင့် မန္တလေး-ရန်ကုန်အမှတ်(၆)အစုန် လူစီးအမြန်ရထား၏ စက်ခေါင်းမောင်းသည် ပိန်းဇလုပ်ဘူတာအား နံနက် ၃ နာရီ ၂၃ မိနစ်တွင် ဖြတ်သန်းခဲ့ပြီး ဆက်လက်၍သတိပြုမောင်းနှင်လာရာ ပိန်းဇလုပ်ဘူတာ-တော်ဝိဘူတာအကြား၊ မိုင်တိုင်(၉၉/၈-၇)သို့ နံနက် ၃ နာရီ ၃၂ မိနစ်တွင် ရောက်ရှိစဉ် ရထားမီးရောင်အောက်၌ တံတားအမှတ်(BR-137)ပေါ်နှင့် ရထားလမ်းအနီးတစ်ဝိုက်တွင် အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဖောက်ခွဲထားသောကြောင့် သံလမ်းများပြတ်တောက်ပျက်စီးနေကြောင်း တွေ့ရှိရသဖြင့် စက်ခေါင်းမောင်းမှ ရထားအား အချိန်မီရပ်တန့်ပြီးနောက် ပိန်းဇလုပ်ဘူတာသို့ နောက်ပြန်ဆုတ်ခွာရပ်တန့်၍ လမ်းပိုင်းအား နံနက် ၄ နာရီ ၁၀ မိနစ်မှစ၍ ခေတ္တပိတ်ထားခဲ့ရသည်။
Sep 05, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ယနေ့နံနက် (၀၉:၃၀)အချိန်တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Sep 05, 2023
မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းများကို အစိုးရအုပ်ချုပ်ရေးယန္တရားတွင်ပါဝင်သည့် အစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများအသီးသီးမှ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ “Consultative Workshop on Myanmar e-Governance Master Plan 2030 (မူကြမ်း)" အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။
Sep 05, 2023
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Sajjad Mohammad Sajid အား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်၊ ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan လည်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။
Sep 05, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar အား ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 05, 2023
၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၃)အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၀၄ မိုင် ၁ ဖာလုံမှ မာရဝိဇယဘုရားအဝင်လမ်းဝဲယာ၌ ကျင်းပရာ နိုင်ငံတော်စီမံကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
Sep 05, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ(၄-၉-၂၀၂၃)ရက်နေ့၊ ည(၈:၀၀)နာရီမှ (၅-၉-၂၀၂၃)ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၁၁၂)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၁၂)ရာခိုင်နှုန်းဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Sep 05, 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် လူဝင်/ထွက်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံ မည်သည့်ဒေသမှမည်သူမဆို ဝင်/ထွက်သွားလာနိုင်သော တရားဝင်ခြောက်ညအိပ် ခုနစ်ရက်နေထိုင်သွားလာခွင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ်ပြား(TBP)တစ်ခါသုံးကတ်များကို ယနေ့ မွန်းတည့် ၁၂ နာရီမှစ၍ ပြုလုပ်ပေးလျက်ရှိရာ အဆိုပါကတ်ဖြင့် ဝင်/ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
Sep 05, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစ၍ အခမဲ့ဖူးမြော်ခွင့်ပြုခဲ့ရာ ယနေ့အထိ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Sep 05, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ၂၀၂၃ ခုနှစ် ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူပြည်သူများ ဖူးမြော်ကြည်ညိုနိုင်စေရန်ခွင့်ပြုပေးခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပရိသတ်များ ယနေ့တိုင်စဉ်ဆက်မပြတ်စည်ကား လျက်ရှိသည်ကို တွေ့ရှိရသည်။
Sep 05, 2023
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြားသည်။
Sep 05, 2023
ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ) တည်ထောင် သည့် ၁၈၇၄ ခုနှစ်မှစ၍ နှစ်စဉ်အောက်တိုဘာ ၉ ရက်ကို ကမ္ဘာ့စာပို့တိုက်နေ့အဖြစ်သတ်မှတ်၍ အထိမ်းအမှတ် အခမ်းအနားများကျင်းပခဲ့ရာ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း နှစ်စဉ်ပါဝင်ကျင်းပလျက်ရှိသည်။ ကမ္ဘာ့စာပို့တိုက်သမဂ္ဂနှင့် ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ အစည်း (UNESCO) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၁၉၇၁ ခုနှစ်မှစတင်၍ အသက်(၁၅)နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲကို ကမ္ဘာနှင့်တစ်ဝန်း နှစ်စဉ်ကျင်းပလေ့ရှိရာ ယခု ၂၀၂၃ ခုနှစ်တွင် (၅၂) ကြိမ်မြောက် ရောက်ရှိခဲ့ပြီဖြစ်သည်။
Sep 05, 2023
နေပြည်တော် ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးကျေးရွာအုပ်စု ပြဒါးချောင်းကျေးရွာ၌ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန်ရောက်ရှိနေသည့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဒေသခံ တိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ထောက်ပံ့ရေးပစ္စည်းများ၊ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးသည့် အိမ် ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ကို ပေးအပ်ခဲ့သည်။
Sep 05, 2023
ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ လူငယ်သီတင်းပတ် (Youth Week) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
