Mar 18, 2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် Naypyitaw State Academy မှ ကျောင်းသား ကျောင်းသူ ၁၁၁ ဦးကို ပေါက်ဖော်ပညာသင်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက Naypyitaw State Academy ၏ Functional Hall ၌ ကျင်းပသည်။
Mar 18, 2023
CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီက ဖွဲ့စည်းထားသည့် CMP လုပ်ခနှင့် အခွန်ကြီးကြပ်ရေးဆပ်ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 18, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံသည် ယမန်နေ့ညနေပိုင်းက မန္တလေးမြို့သို့ရောက်ရှိပြီး အင်းဝရှေးဟောင်းသုတေသနပြတိုက်ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ပြတိုက်အဆင့်မြှင့်တင်ခင်းကျင်းခြင်းလုပ်ငန်းရပ်များကို အသေးစိတ် ဆွေးနွေးမှာကြားခဲ့ပြီး အင်းဝရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေအတွင်းရှိ ငလျင်ဒဏ်ခံဘုရားများ၊ ဒေါ်ဂျမ်းဘုရားစုနှင့် မယ်နုအုတ်ကျောင်းပြုပြင်ထိန်းသိမ်းမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 18, 2023
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်သည် ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ဖွင့်လှစ်လျက်ရှိသည့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် ၁၂ နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် ၁၃ တို့မှ သင်တန်းသား၊ သင်တန်းသူများကို “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏အခန်းကဏ္ဍ” ဘာသာရပ်ကို သင်ကြားပို့ချသည်။
Mar 18, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Mar 18, 2023
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသေးစားစက်မှုလက်မှုထုတ်ကုန်နှင့် ထုပ်ပိုးမှုဆိုင်ရာစက်ပစ္စည်းများပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိစေတီတောင်ဘက်မုခ်ရှေ့ရှိ တပေါင်းကွင်း၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
Mar 18, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Mar 18, 2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 18, 2023
ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း
Mar 18, 2023
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်ပသွင်းကုန် အစားထိုးပြည်တွင်းထုတ်ကုန်များကို မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိသည်။ ယခင်က ပြည်ပသွင်းကုန်များအား ပိုမိုတင်သွင်းခဲ့သဖြင့် ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့သည်။ ကုန်ပစ္စည်းအမျိုးမျိုးတို့ကို ပြည်ပမှနှစ်စဉ်မှာယူတင်သွင်းခဲ့ရာတွင် ပြည်တွင်းလိုအပ်ချက်များသည့် သံ၊ သံမဏိနှင့် စက္ကူများကို ပြည်ပမှ မှာယူနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုမျာ များပြားနေသည်။
Mar 18, 2023
နေပြည်တော်သည် နိုင်ငံတော်၏မြို့တော်ဖြစ်ပြီး နိုင်ငံ၏အချက်အချာကျသော ဒေသတွင်တည်ရှိသည်။ တစ်ချိန်က နိုင်ငံ၏မြို့တော်ဖြစ်ခဲ့ပြီး ယခုစီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ အဓိကမြို့ကြီးဖြစ်သည့် မန္တလေးမြို့တို့၏ကြားတွင် တည်ရှိနေသည့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်အတွက် ရေခံမြေခံကောင်းများရှိရာ ဒေသလည်းဖြစ်သည်။
Mar 17, 2023
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ပြည်သူ့အလုပ်သမားပါတီနှင့် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့ပါသည်။
Mar 17, 2023
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများသည် မြေပုံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော မျက်စိခွဲစိတ်လူနာ ၁၁ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Mar 17, 2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် အဋ္ဌမနေ့အဖြစ် သမိုင်းဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 17, 2023
၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Mar 17, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၆-၃-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၁၇-၃-၂၀၂၃)ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၀၄၅)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်(၁၁)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်း မှာ (၀.၂၇) ရာခိုင်နှုန်းရှိပါသည်။
Mar 17, 2023
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်းရှိအင်းလေးကန်သည် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်တစားလာရောက်လည်ပတ်သည့် သဘာဝရေချိုကန် ခရီးသွားဒေသတစ်ခုဖြစ်ပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်က ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ခရီးသွားလုပ်ငန်းများရပ်နားထားခဲ့ရာမှ ယခုနှစ်နွေရာသီတွင် အင်းလေးဒေသအတွင်းသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက် လည်ပတ်လာသည်ကို တွေ့ရသည်။
Mar 17, 2023
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် အောက်ဖော်ပြပါ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရကုမ္ပဏီ ၂၀ သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License)အား ဒါရိုက်တာအဖွဲ့အစည်းအဝေး အမှတ် (၁/၂၀၂၃) ဆုံးဖြတ်ချက်အရ ရုပ်သိမ်းလိုက်သည်-
Mar 17, 2023
မြန်မာနိုင်ငံတွင် အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့များအနေဖြင့် နိုင်ငံတော်၏ တည်ငြိမ်ရေးကိုပျက်ပြားစေရန်နှင့် ပြည်သူများကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိနေရသည်။
Mar 17, 2023
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ယမန်နေ့က သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန (ရန်ကုန်) ကို ကြည့်ရှု စစ်ဆေးသည်။