Mar 17, 2023
မြန်မာနိုင်ငံရှိသံသတ္တုရိုင်းထွက်ရှိရာဒေသများနှင့် အသုံးပြုနိုင်သည့်သံနှင့်သံမဏိ ထုတ်လုပ်သည့်နည်းစဉ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သစ်/ဝါး ပေါက်ရောက်မှု အခြေအနေများအပေါ်မူတည်၍ ပျော့ဖတ်စက်ရုံများ တည်ထောင်နိုင်ရေးတို့နှင့် စပ်လျဉ်းသည့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။
Mar 17, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအေးကျော်သည် ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်လွိုင်ကော်မြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများကို အဆိုပါရုံး၌ တွေ့ဆုံအမှာ စကားပြောကြားပြီး ၁၃၂ ကေဗွီ လွိုင်ကော် ပင်မဓာတ်အားခွဲရုံ ကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။
Mar 17, 2023
၁။ လူသားအားလုံးသည် လွတ်လပ်သူများအဖြစ်မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့်အခွင့်အရေးများ တန်းတူရည်တူရှိကြသည်ဆိုသည့် စာသားဖြင့်အစပြုခဲ့သည့် ကမ္ဘာ့လူအခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights – UDHR) ကို နိုင်ငံများနှင့်လူသားအားလုံးတို့ဆောင်ရွက်ရမည့် အားလုံးနှင့်ဆိုင်သော စံတစ်ရပ်အဖြစ် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ထိုအချိန်ကကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ မဲခွဲဆုံးဖြတ်မှုရလဒ်ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၏ နိဒါန်းတွင် “လူတိုင်း၊ အဖွဲ့အစည်းတိုင်းသည် ဤကြေညာစာတမ်းကို အစဉ်နှလုံးသွင်းလျက် ကမ္ဘာတစ်ဝန်းလုံးတွင် အဆိုပါအခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကို လေးစားကြစေရန် သင်ကြားခြင်း၊ အသိပညာပေးခြင်းဖြင့် အားထုတ်ကြစေရန်” ဟုဖော်ပြပါရှိရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးများကိုအများပြည်သူများ သိရှိနားလည်စေရေး နည်းလမ်းအမျိုးမျိုးအသုံးပြု၍ အသိပညာပေးဆောင်ရွက်လျက် ရှိပါသည်။
Mar 17, 2023
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးနှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ဆွေးနွေး ကြသည်။
Mar 17, 2023
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ကမ္ဘောဒီးယားဗဟိုဘဏ်မှ နှစ်နိုင်ငံငွေပေးချေမှုစနစ် ချိတ်ဆက်ရေးဆိုင်ရာလာရောက်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိမြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 17, 2023
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းတွင် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်၊ ပြတိုက်ငယ်နှင့် ကလေးစာဖတ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံတာဝန်ခံတို့နှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက် မှုများအတွက်တွေ့ဆုံမှာကြားသည်။ ယင်းနောက် ဝန်ထမ်းများ၏ တင်ပြချက်များကို ဆွေးနွေးညှိနှိုင်း၍ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့သည်။
Mar 17, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးမြစ်သားမြို့ရှိ အမှတ် (၇) အထည်စက်ရုံ (မြစ်သား) ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။
Mar 17, 2023
(၁၄) ကြိမ်မြောက် မြန်မာ - လာအိုဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များ အစည်းအဝေးကို ယမန်နေ့က တာချီလိတ်မြို့ 1G1-11 ဟိုတယ်၌ ကျင်းပသည်။
Mar 17, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ (၅၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဘိုးဝဇီရခန်းမ၌ ကျင်းပသည်။
Mar 17, 2023
မြန်မာ့တပ်မတော်သည် ရှေးအစဉ်အဆက် သမိုင်းကြောင်းအစဉ်အလာ ထူးကဲကောင်းမွန်ခဲ့သည့်တပ်မတော်ဖြစ်သည်။ တပ်မတော်သည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးတွင် ပြည်သူတို့နှင့်လက်တွဲကာ လွတ်လပ်ရေးကိုရယူပေးခဲ့သည်။ လွတ်လပ်ရေးရပြီးသောအခါတွင်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးလျက်ရှိသည်။
Mar 17, 2023
ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့၏ ဦးဆောင်မှုဖြင့် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်မှစ၍ ပြန်လည်ရေတွက်လျှင် မြန်မာ့တပ်မတော်၏သက်တမ်းမှာ နှစ်ပေါင်း ၈၀ ကျော်ခဲ့ပြီဖြစ်သည်။ နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးကြိုးပမ်းမှုတွင် သန္ဓေတည်ပေါက်ဖွားလာခဲ့သည့် မြန်မာ့တပ်မတော်သည် နိုင်ငံလွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက်တွင် လွတ်လပ်ရေးထိန်းသိမ်း စောင့်ရှောက်မှုအတွက် ပြည်တွင်းပြည်ပ ရန်အသွယ်သွယ်တို့ကို လည်း ကာကွယ်ခဲ့ရသည်။ မျက်မှောက်ကာလတွင် တပ်မတော် သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်အရ အမျိုးသားနိုင်ငံ ရေး ဦးဆောင်မှုကဏ္ဍတွင် ပါဝင်၍ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားအတွက် ထမ်းရွက်လျက်ရှိသည်။
Mar 16, 2023
မွန်ပြည်နယ်၊ ရေးမြို့နယ်သို့ ဆေးကုသရန်သွားရောက်သည့် မော်တော်ယာဉ် တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် အပြစ်မဲ့ပြည်သူများ သေဆုံး/ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
လျှပ်စစ်သုံးယာဉ် Battery Electric Vehicles (BEVs) များအား ကနဦးမှတ်ပုံတင်ဆောင်ရွက်ရန် အသိပေးကြေညာချက်
Mar 16, 2023
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လျှပ်စစ်သုံးယာဉ် Battery Electric Vehicles (BEVs) များနှင့်စပ်လျဉ်း၍ တည်ဆဲဉပဒေ၊ နည်းဉပဒေများ၊ ရုံးအမိန့်၊ ညွှန်ကြားချက် များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကနဦးမှတ်ပုံတင်လုပ်ငန်းများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။
Mar 16, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိပါသည်။
Mar 16, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့်ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့ရှိ စော်ဘွားကြီးခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော် (သိန်းနီဟော်နန်း) အား ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သိန်းနီဟော်နန်းဖြစ်မြောက်ရေးကော်မတီ ဦးဆောင်နာယကဆရာတော်ကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြိုဖများက အဆိုပါသိန်းနီဟော်နန်းတော်သို့ သွားရောက်ကြည့်ရှုကြသည်။
Mar 16, 2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင်သတ္တမနေ့အဖြစ် ပထဝီဝင်ဘာသာရပ်ကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။