Skip to main content

Mar 19, 2023

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motor Co.,Ltd. မှ တင်သွင်းလာသည့် LINCHR အမျိုးအစား၊ လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger) 60 KW ငါးခုသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါအားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2023

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ၊ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်ရှိ လမ်း၊ တံတားများ ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2023

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ယနေ့တွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် အသစ်တူးဖော်ခဲ့သော တွင်းအမှတ် (၈၈၃)၊ ထပ်မံတူးဖော်မည့် တွင်းသစ်နေရာများနှင့် မန်းရေနံမြေတွင် အသစ်တူးဖော်မည့် တွင်းအမှတ် (၆၇၁) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ် (၈) မိုင်လမ်းဆုံအနီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်မှုဌာနနှင့် လုပ်ငန်းလည်ပတ်မှုဌာန၊ ဘုရင့်နောင် Data Center တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2023

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (Commodity Testing and Quality Management - CTQM) သို့ရောက်ရှိပြီး အဆိုပါဌာနစုအတွင်း သီးနှံများ အရည်အသွေးစစ်ဆေးခြင်း၊ စားသုံးဆီများ အရည်အသွေးစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ၏ အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား ယနေ့နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ဒေသခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2023

ယနေ့ ၂၀၂၃ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ကျရောက်သည့် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ နေ့ထူးနေ့မြတ် အခါသမယတွင် မွန်ပြည်နယ်နှင့် ဒေသအသီးသီး၌ ရောက်ရှိနေကြသော မွန်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများအားလုံး ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့်ပြည့်ဝကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2023

ပြည်သူလူထုကျန်းမာရေးအတွက် နေထိုင်စားသောက်မှုပုံစံများသည် အရေးကြီးသကဲ့သို့ ပတ်ဝန်းကျင်သန့်ရှင်းရေးသည်လည်း အထူးအရေးကြီးသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက် (၁၂)ရပ်တွင် လူမှုရေးဦးတည်ချက်၌ “နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ဖြစ်ပေါ်လာရေး” ကို အလေးထားအကောင်အထည် ဖော်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 19, 2023

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ဖြေဆိုပြီးစီးခဲ့ကြပြီဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသူ ကျောင်းသား ၁၆၀၀၀၀ ကျော်ရှိခဲ့ရာ စာမေးပွဲအောင်ချက်ရာခိုင်နှုန်းအရ ယင်းတို့အနက်မှ ထက်ဝက်နီးပါးခန့် သို့မဟုတ် သုံးပုံတစ်ပုံနီးပါးခန့်တို့သည် တက္ကသိုလ်အသီးသီးတို့တွင် အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်ကြမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2023

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကုဆေးအဖွဲ့များ လိုက်ပါလာသော တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် စစ်တွေခရိုင်၊ ပေါက်တောမြို့ရှိ စိုးမဲကျီကျေးရွာသို့ရောက်ရှိရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖျဖျကြိုဆိုကြသည်။ အဆိုပါ နယ်လှည့်အထူးကု ဆေးအဖွဲ့သည် စိုးမဲကျီကျေးရွာရှိ ဓမ္မရက္ခိတစိုးမဲကျီ ကျောင်းတိုက်၌အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၈၆၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2023

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် နဝမနေ့အဖြစ် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၇-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၇၆၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၃) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ နည်းပညာတက္ကသိုလ်(ရမည်းသင်း)သို့ရောက်ရှိပြီး ဘွဲ့ကြိုသင်တန်းများမှ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2023

မျိုးဆက်သစ် ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပသည်၊။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme(KSP) သောကြာနေ့စကားဝိုင်း၏ အမှတ်စဉ်(၇)ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2023

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်း ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ပြည်နယ်/ခရိုင်/မြို့ နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဓာတ်အားခွဲရုံများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး တောင်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှိ ငွေလက်ခံကောင်တာတွင် ဓာတ်အားခပေးဆောင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 18, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်