Sep 07, 2023
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျိုင်းတုံပညာရေးဒီဂရီ ကောလိပ်လူငယ်သီတင်းပတ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်သင်တန်းသား၊ သင်တန်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
Sep 07, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 07, 2023
၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ခဲ့သူများအတွက် ပြည်တွင်း/ပြည်ပစေတနာရှင်များ လွယ်လင့်တကူ လှူဒါန်းနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသောမြန်မာကျပ် ငွေစာရင်းအမှတ် OA- 011834 ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော နိုင်ငံခြားငွေစာရင်းအမှတ် 1DA- 0300086 နှင့် အခြားသော အီလက်ထရောနစ် ငွေပေးချေမှုစနစ်၊ မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့် လှူဒါန်းနိုင်ကြောင်း QR Code များနှင့်တကွ ကြေညာခဲ့ပြီးဖြစ်ပါသည်။
Sep 07, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၆-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၇-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၅၆၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၁) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Sep 07, 2023
ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခု ထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။
Sep 07, 2023
၁။ ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။
Sep 07, 2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်တွေတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Sep 07, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစ၍ အခမဲ့ဖူးမြော်ခွင့်ပြုခဲ့ရာ ယနေ့ (စက်တင်ဘာ ၆ ရက်)အထိ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Sep 07, 2023
လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဆိုင်ရာ အဆင့်အတန်းကို စာပေ၊ ဂီတ၊ ပန်းချီ၊ ပန်းပု စသည့် အနုသုခုမပညာရပ်များက ပြဆိုသည်။ ၁၉၆၉ ခုနှစ်တွင်တွေ့ရှိခဲ့သော ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့အနီး ပြဒါးလင်းဂူအတွင်းမှ နွားရုပ်ပုံနှင့်ငါးရုပ် အပါအဝင် နှစ်ပေါင်းတစ်သောင်းကျော် သက်တမ်းရှိ ရှေးဟောင်းနံရံပန်းချီများက မြန်မာ့ပန်းချီသမိုင်းအစကို ဖော်ပြသကဲ့သို့ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော် ပျူခေတ်ကာလတွင်လည်း မြန်မာ့ရိုးရာ ဆယ်မျိုးသော ပန်းအတတ်ပညာရပ်များ စတင်ထွန်းကားနေပြီဖြစ်ကြောင်း ပျူမြို့ဟောင်းများမှ တူးဖော်တွေ့ရှိရသည့် ရှေးဟောင်းအမွေအနှစ် ပစ္စည်းများက ပြသလျက်ရှိသည်။
Sep 07, 2023
ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် စီမံကိန်းလုပ်ငန်းများရေးဆွဲရာတွင် အထောက်အကူဖြစ်စေမည့် အချက်အလက်များ ဆွေးနွေးဖော်ထုတ်နိုင်ရေးအတွက် လစဉ်ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲများကို ကဏ္ဍအလိုက် ခေါင်းစဉ်များသတ်မှတ် ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ “ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် (၂၅) ကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။
Sep 07, 2023
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများရွေးချယ်ရေး၊ လေ့ကျင့်ရေး၊ သင်ကြားရေးဆိုင်ရာ လုပ်ငန်းများအပေါ်အဓိကထား၍ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ အဖွဲ့၏ကွပ်ကဲမှုအောက်ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သည် မြန်မာနိုင်ငံတွင်တစ်ခုတည်းသော ဝန်ထမ်းတက္ကသိုလ်ဖြစ်ပြီး မြန်မာနိုင်ငံ၌ရှိသည့် ဝန်ထမ်းအဖွဲ့အစည်းအားလုံးရှိ နိုင်ငံ့ဝန်ထမ်းအားလုံးကဏ္ဍအလိုက်၊ အဆင့်အလိုက်လုပ်ငန်းများကို မှန်မှန်ကန်ကန်လုပ်ဆောင်ပြီး နိုင်ငံ့အကျိုးကိုရှေးရှု၍ ပြည်သူလူထုကို အလုပ်အကျွေးပြုကြရန် လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်ပါကြောင်း၊ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က ပြောကြားသည်။
Sep 07, 2023
သမိုင်းဝင်ပုဂ္ဂိုလ်နှင့် အထိမ်းအမှတ်မော်ကွန်းဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 07, 2023
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ” လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ အမှတ် (၁၈) အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည်။
Sep 07, 2023
နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 07, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားသော ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူ အများပြည်သူတို့ အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိခဲ့ပြီး ယနေ့စက်တင်ဘာ ၆ ရက်တွင် ဘုရားဖူးပြည်သူများ အခမဲ့ဖူးမြော်နိုင်ပြီး ကင်မရာပါရှိသည့် လက်ကိုင်ဖုန်းများကို ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူတော်ငွေကျပ် ၁၀၀၀ ဖြင့် ဝင်ခွင့်ပြုခဲ့ရာ လာရောက်ဖူးမြော်ကြည်ညိုကြသူများ စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။
Sep 07, 2023
နိုင်ငံတော်ဩဝါဒါစရိယ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ်၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသသည် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရလိုက်ပါ၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျန်းမာရေးအရ ဆေးကုသမှုခံယူခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် မန္တလေးမြို့သို့ ပြန်လည်ကြွရောက်လာရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးဦးကြိုဆိုဖူးမြော်ကြသည်။
Sep 07, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ၊ ဘုရားဖူးပြည်သူအပေါင်း အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဩဂုတ် ၈ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိရာ ယနေ့စက်တင်ဘာ ၆ ရက်တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရဟန်းရှင်လူ ပြည်သူများဖြင့် ဘုရားကြီးပရိဝုဏ်အတွင်း စည်ကားလျက်ရှိသည်။
