Skip to main content

Mar 24, 2023

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2023

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင်များ အခြေခံအဘိဓမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2023

(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲပိတ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2023

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ၏ (၇၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီခွဲက အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဝန်ဇင်း မင်းရာဇာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2023

မြေဩဇာကော်မတီ၏ (၃၈) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြေဩဇာကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2023

(၆၃) ကြိမ်မြောက် ကမ္ဘာ့မိုးလေ ဝသနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့ (တတိယနေ့)တွင် နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၇၀ ဌာန တို့၌ စာဖြေစာရင်းသွင်း ၁၃၈၈၀ ပါး/ဦး အနက် ၁၁၁၅၉ ပါး/ဦး ဖြေဆိုကြသဖြင့် ၈၀ ဒသမ ၄၀ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2023

(၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ၂၇-၃-၂၀၂၃ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် အဆိုပါနေ့ရက်တွင် ရန်ကုန်-မန္တလေး လမ်းဟောင်း ပျဉ်းမနားမြို့နယ် ဘောဂသီရိမီးပွိုင့်မှ ဇေယျာသီရိမြို့နယ် သိုက်ချောင်းလမ်းဆုံမီးပွိုင့်အထိ ယာဉ်သွားလာမှုအား နံနက် ၅ နာရီမှ ၁၀ နာရီ ထိ ခေတ္တလမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်သဖြင့်

ဆက်လက်ဖတ်ရှုရန်

Mar 24, 2023

မြန်မာတို့၏အစဉ်အလာတွင် “ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်”၊ “ရွှေကိုမလို ရေကိုလို”၊ “ရေကြည်ရာ မြက်နုရာ”၊ “ရေတစ်အိုး မိုးတစ်ပေါက်” စသည့် ဥပမာဆိုရိုးစကားများရှိပါသည်။ ရေ၏တန်ဖိုးကို ရေငတ်သည့်အခါမှ သိရှိရသလို ရေမရှိသည့်အခါတွင် မည်မျှဆင်းရဲဒုက္ခရောက်ကြရသည်ကို အားလုံးသိရှိထားကြသည်။ ရေတန်ဖိုးကို ရေမရှိသည့်အခါမှသိသော်လည်း ရေအလုံအလောက်ရှိသည့်အခါတွင် ရေကိုတန်ဖိုးထားရကောင်းမှန်းမသိသည့် အလေ့အထများလည်းရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 24, 2023

မျက်မှောက်ကမ္ဘာတွင် နိုင်ငံကြီးများအကြား အားပြိုင်မှုများက ပြင်းထန်လာနေသည်။ နိုင်ငံတကာရေးရာတွင် နိုင်ငံတိုင်းအဖို့ အမျိုးသားအကျိုးစီးပွားကသာ ပဓာနကျသည်မို့ မိမိတို့၏ ပြည်တွင်းအင်အားကို တည်ဆောက်ကြရသလို မိတ်ဖက်နိုင်ငံများနှင့်လည်း တူရာတူရာစုကြရသည်။ ပထဝီနိုင်ငံရေး ရှုထောင့်အရကြည့်ပါက မိမိတို့မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ အများဆုံးစာရင်းဝင် နိုင်ငံကြီးနှစ်နိုင်ငံ၊ လူဦးရေတိုးနှုန်း မြင့်မားနေသည့် နိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်နေခြင်း၊ ကမ္ဘာ့အင်အား ချိန်ခွင်ညှာ အပြောင်းအလဲတွင် ကမ္ဘာကြီး၏ အားပြိုင်ရာဇုန်အတွင်းကျရောက်နေခြင်း စသည့်ပြင်ပရေးရာများအပြင် ပြည်တွင်း၌ အမျိုးသားစည်းလုံးညီညွတ်မှုလျော့ရဲနေခြင်း၊ ပြည်ပ ပယောဂဝင်နေသည့် ပြည်တွင်းအဖျက် အင်အားစုများက နိုင်ငံကိုအလုံးစုံပျက်သုဉ်းစေမည့် လမ်းကြောင်းပေါ်သို့တွန်းပို့နေခြင်း စသည့်ပြည်တွင်းရေးရာများလည်းရှိနေရာ အချိန်မရွေးနိုင်ငံပြိုကွဲပျက်စီးသွားစေနိုင်သည့် အခြေခံအကြောင်းတရားများရှိပြီးဖြစ်နေသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2023

Earth Renewable Energy Co.,Ltd မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စ်ကား ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၂၀၁/၁) (စီလမ်းဆုံ) ယာဉ်ရပ်နားစခန်းရှိ ယာယီမဏ္ဍပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2023

(၇၈) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ ဒူဝါဇော်ရစ်လမ်း၊ အဆင့်မြင့်နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2023

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး) ကလေး (၁) စီးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2023

မတ် (၂၃) ရက်တွင် ကျရောက်သော မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု တည်ထောင်ခြင်း (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ကိုဂုဏ်ပြုသော အထိမ်းအမှတ် အခမ်းအနားအဖြစ် မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ၏ အောင်မြင်မှုပြပွဲနှင့် ဧည့်ခံပွဲအခမ်းအနားကို နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2023

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသော ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (Karen National Democratic Party) တို့သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့ လာရောက်လျှောက်ထားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2023

ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်ရှိ နယ်မြေခံရေတပ်အခြေစိုက်စခန်း ဆိပ်ခံတံတား၌အခြေပြု၍ ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ၁၀၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2023

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်