Skip to main content

စာပေဗိမာန်စာမူဆုရ “အတွေ့အကြုံအဖုံဖုံ ပြည်ပ ပညာတော်သင်မှတ်တမ်းစုံ” စာအုပ်ဖြန့်ချိ

နေပြည်တော် နိုဝင်ဘာ ၂

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ စာပဒေသာ တတိယဆုရရှိသည့် စာရေးဆရာ နွေကံ့ကော် (မြို့လှ) ၏ “အတွေ့အကြုံအဖုံဖုံ ပြည်ပပညာတော်သင် မှတ်တမ်းစုံ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်သည် ရုရှားနိုင်ငံ မော်စကိုမြို့၌ ပညာသင်ကြားခဲ့ရသည့် စာရေးသူ၏ ပညာတော်သင် အတွေ့အကြုံများကို “ရုရှားသို့ ထွက်ခွာခြင်းနှင့် ပထမနှစ်ကျောင်းသားဘဝအတွေ့အကြုံများ၊ ဒုတိယနှစ် ကျောင်းသားဘဝအတွေ့အကြုံများ၊ တတိယနှစ် ကျောင်းသားဘဝ အတွေ့အကြုံများ၊ မှတ်သားမိသမျှ ရုရှားအကြောင်း၊ အလှည့်ကျလို့ ပြန်ရပြီနှင့် ယူခဲ့ချန်ခဲ့သော အရာများ၊ ရုရှားဗျည်း ၃၃ လုံးနှင့် ၎င်းတို့၏ အသံထွက်များ၊ မှတ်တမ်းဓာတ်ပုံများ” ကို အခန်းငါးခန်းဖြင့် စုစည်းတင်ပြထားသည်။

အဆိုပါစာအုပ်ကို ရောင်းဈေးကျပ် ၂၅ဝဝ ဖြင့် အမှတ် (၅၂၉-၅၃၁)ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈ အမှတ် (တ- ၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၈၆ လမ်း၊ ၂၁ လမ်း နှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်အရောင်းဌာန ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်