Mar 26, 2023
“မိမိတို့အနေဖြင့် တိုင်းပြည်ကောင်းရန်အတွက် ရိုးသားစွာဖြင့်တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ မိမိတို့ ဆောင်ရွက်ခဲ့မှုများသည် သမိုင်းမှတ်တမ်းများတွင် ကျန်ရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ တာဝန်ထမ်းဆောင်နေချိန်တွင် ရိုးသားစွာဖြင့်နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
Mar 26, 2023
တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) သည် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်ကျေးရွာများနှင့် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တို့ရှိ ဒေသခံပြည်သူများကို မတ် ၁ ရက်မှ ၂၂ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး မတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဘင်္ဂလားပင်လယ်ပြင်ကို မျက်နှာမူထားသည့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် တစ်ကျွန်းဝင်တစ်ကျွန်းထွက်မြို့ရွာများသို့အရောက်သွား၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးသည့် ပုံရိပ်များနှင့်ပြည်သူများ၏ ဝမ်းသာပီတိဖြစ်မှု၊ ကျေနပ်အားရမှုနှင့် ယုံကြည်ကိုးစားမှုပုံရိပ်များမှာ တွေ့မြင်ရသူတို့၏ စိတ်နှလုံး ကိုပါ နှစ်သက်ချမ်းမြေ့စေသည်၊ မုဒိတာတရားတို့ ပွားများ စေသည်။
Mar 25, 2023
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီ ဥက္ကဌဖလားအမျိုးသား ကီလိုမီတာ ၃၀ ကျူံးသုံးပတ်နှင့်အမျိုးသမီး ကီလိုမီတာ ၂၀ ကျူံးနှစ်ပတ်ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ကျူံး၏အရှေ့မြောက် ထောင့်ရှိ ရတနာပုံဉယျာဉ်၌ ကျင်းပပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်စက်ဘီးစီးအားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။
Mar 25, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Mar 25, 2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၃၃၄ ဦးတို့အား ယနေ့တွင်အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။
Mar 25, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၄-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၅-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၄၆၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၃၈) ရာခိုင်နှုန်း ရှိပါသည်။
Mar 25, 2023
မေ ၁ ရက်တွင် ကျရောက်မည့် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်အကိုင်အခွင့် အလမ်းများတိုးတက်ရရှိစေရန် ရည်ရွယ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများပြားသည့် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာစက်မှုဇုန်၌ အလုပ်အကိုင် အခွင့်အလမ်းပြပွဲကို အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ကျင်းပသည်။
Mar 25, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုး ဦးဆောင်သောအဖွဲ့ဝင် ၁၇ ဦးပါ မျက်မြင်စစ်ဆေးရေးအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ်မြို့သို့ မတ် ၁၅ ရက်မှ ၂၂ ရက်အထိ သွားရောက်ခဲ့သည်။