Skip to main content

Apr 20, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးမစ္စတာ မန်ဂျူရူလ် ကရင်ခမ် ချောင်ဒရီ အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2023

၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက်၊ မင်္ဂလာရှိသော မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားအချင်းချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ နိုင်ငံတော်အကြီး အကဲဖြစ်သည့် နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္

ဆက်လက်ဖတ်ရှုရန်

Apr 20, 2023

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လူသားအရင်းအမြစ် ကောင်းမွန်ရန် လိုအပ်ကြောင်း သုတေသီ ပညာရှင်များက အဆိုရှိကြသည်။ နိုင်ငံသားတို့၏ အတွေးအခေါ် အယူအဆ၊ သဘောထားများ၊ အသိပညာ အတတ်ပညာနှင့် ကျွမ်းကျင်မှုများဖြင့် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် တည်ဆောက်ကြရခြင်းဖြစ်ရာ

ဆက်လက်ဖတ်ရှုရန်

Apr 19, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2023

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံဟော်နန်း အသစ် ဆောက်လုပ် နေမှုအခြေအနေများနှင့် နောင်တုံကန်အတွင်း သဲ၊ နုန်း များဆယ်ယူ နေမှုအခြေအနေများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2023

ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၁၁၁၁)ပါး တို့ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်မြတ်ကြီး ရှေးဟောင်းတန် ဆောင်း၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ တိပိဋကာလင်္ကာရစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တအဂ္ဂသာမိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်

ဆက်လက်ဖတ်ရှုရန်

Apr 19, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၈-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၂,၄၈၉) ခုအား စစ်ဆေးပြီးစီး ခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၃၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့ အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃၁) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃၉) ဦးအနက် (၂၄) ဦး၊ (၆၁.၅) ရာခိုင်နှုန်းမှာ ပြည်ပမှ ဝင် ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၁၅) ဦး၊ (၃၈.၅) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2023

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ်(၂၈/၂၀၂၃)ဖြင့် အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ ၃၀၁၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ကျခံရန်ရှိသည့် ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2023

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက် မြန်မာ့နှစ်သစ်ကူး နေပြည်တော် စည်ပင် သာယာရေးကော်မတီ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်နာယူခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ကျင်းပရာ ပင့်သံဃာတော်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌမြို့တော်ဝန် ဦးတင်ဦးလွင် နှင့် ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများ၊ ဌာနမှူးများနှင့်၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2023

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ် ရက်ကာလများတွင်အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန်၊ ဘာသာ၊ သာသနာကိုတန်ဖိုးထားတတ်စေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပညာထူးချွန်သူများဖြစ်လာစေရန်၊ လက်တွေ့အသုံးချဘာသာရပ်များနှင့်အတူ ဗဟု သုတရစေပြီးမြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်ကျင့်စဉ်များကို ပိုမိုနက်ရှိုင်းစွာနားလည်စေရန်နှင့် အသိပညာ၊ အတတ်ပညာဗဟု သုတများတိုးပွားစေရန်ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ်များ၊ တပ်နယ်၊ တပ်ရင်း/ တပ်ဖွဲ့များရှိ တပ်မတော်သား မိသားစုဝင်ကျောင်းသား၊ ကျောင်းသူများအား ယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် မြန်မာ့သိုင်း သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2023

၁။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓာတ်နှင့် အောက်ဖော်ပြပါသတ်မှတ်ထားသည့် နယ်ပယ်များတွင် အာဆီယံလမ်းစဉ်တို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၃ ခုနှစ် အာဆီယံဆုကို ပေးအပ်ချီးမြှင့်ရန်အတွက် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိပါသည်-

ဆက်လက်ဖတ်ရှုရန်

Apr 19, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြီးကြပ်ဆောင်ရွက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Broad Vision Consultants ကုမ္ပဏီနှင့် China Yunnan Sunny Road & Bridge Construction ကုမ္ပဏီလီမိတက်တို့က တည်ဆောက်လျက်ရှိသော သံလွင်မြစ်ကူး(ကွမ်းလုံ)တံတားသစ် တည်ဆောက်ရေးလုပ်ငန်းများ လာမည့်ဇွန်လတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသားကျောင်းသူများအားလုံး အလယ်တန်းဆင့် (Grade 9)ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့် ရရှိနိုင်ရေးအတွက် ခရိုင် ၅၀ ၏ မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်း တွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် တွင် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်။”ဟူသော လုပ်ငန်းစဉ်တစ်ရပ်ကို ထည့်သွင်းချမှတ်ထားသည်။ အဆိုပါ ရှေ့လုပ်ငန်းစဉ်သည် နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံသားအားလုံးပါဝင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့် နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်လည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2023

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို မေ ၆ ရက်တွင် နေပြည်တော်မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2023

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2023

မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် အမိမြန်မာနိုင်ငံတော်၏ မြေပေါ်တွင်နှစ်ပေါင်းထောင်ချီ အတူတကွ နေထိုင်ကြီးပြင်းလာခဲ့ကြသူများ ဖြစ်သည်။ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရပေါင်းသင်းဆက်ဆံမှုတို့တွင် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်အမှီသဟဲပြု၍ အကျိုးစီးပွားဖြစ်ထွန်းအောင် စိတ်တူကိုယ်တူညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့် ပြည်ထောင်စုဖွားအားလုံးတို့သည် တရားတော်အရ အဆွေခင်ပွန်းများဖြစ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ရုရှား Bloggers အဖွဲ့အား ယနေ့ ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်ရှိမြတ်တော်ဝင်ဟိုတယ်၌ ညစာဖြင့်တည်ခင်းဧည့်ခံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၇-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၉၉၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက်ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၉) ဦးအနက် (၆) ဦး၊ (၆၆.၇) ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက်လာ သူများအား ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၃) ဦး၊ (၃၃.၃) ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်