Skip to main content

Apr 18, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရေကစားမဏ္ဍပ်အား လက်ပစ်ဗုံးဖြင့် အကြမ်းဖက်ဖောက်ခွဲရန် ပြုလုပ်ခဲ့သော PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးအား ဧပြီ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ဒေသခံများအသွင်စိမ့်ဝင်၍ ခိုအောင်းနေထိုင်လျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများအား အနိုင်ကျင့်နှိပ်စက်ခြင်း၊ အဓမ္မဆက်ကြေးကောက်ခံခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးမှုမရှိသည့် ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်လျက်ရှိကြောင်း သိရှိ ရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ် တရားတော်နာအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ သီရိဂန္ဓမာသပြေအေး မိုးကုတ် ဝိပဿနာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအရှင်ဂန္ဓမာလာ အမှူးပြုသော ဆရာတော်အရှင်သူမြတ်များ၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်ဇနီး ဒေါ်ကြည်ကြည်မေ၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲအခမ်းအနားကို ယနေ့(မြန်မာ နှစ်ဆန်းတစ်ရက်) နံနက် ၇ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဆန်းတစ်ရက် မြန်မာနှစ်သစ်ကူးအခါသမယနေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီ တွင် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာကန်တော်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင်သံဃာတော် ၁၀၈ ပါးဖြင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆွမ်းဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသက် ၉၀ နှင့်အထက်သက်ကြီး ဘိုးဘွားများအားပူဇော်ကန်တော့ခြင်း စသည့်ကောင်းမှုကုသိုလ်ပြုလုပ်သည့် အခမ်းအနားများကို မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီရုံးရှိ မြို့တော်ခန်းမနှင့်ခန်းမရှေ့တို့တွင် ယနေ့နံနက်ပိုင်းကကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

အကျဉ်းထောင် / အချုပ်ထောင် / စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသည့် နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၃၀၁၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၉၈ ဦး စုစုပေါင်း ၃၁၁၃ ဦးတို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ဆောင်ပုဒ်က ‘ရုပ်ရှင်သည် ပြည်သူ့အတွက်ဖြစ်ပါတယ်’ လို့ဆိုထားပါတယ်။ ရုပ်ရှင်ဟာ ပြည်သူ့အတွက်ဆိုတာကြောင့် ပြည်သူတွေပျော်ရွှင်မှု၊ အေးချမ်းသာယာမှု၊ ကြီးပွားတိုးတက်မှုနဲ့ ဘာသာသာသနာမှာကောင်းမွန်စွာ ရွက်ဆောင်နိုင်ကြဖို့ဆုတောင်း မေတ္တာပို့သပါတယ်။ ရုပ်ရှင်ကို ချစ်မြတ်နိုးတဲ့ ပရိသတ်ကြီးဟာ ကျွန်တော်တို့ အစည်းအရုံးအတွက် အဓိကမဏ္ဍိုင်ကြီးဖြစ်တာကြောင့် ချစ်ပရိသတ်ကြီးနှစ်သစ် မင်္ဂလာချိန်ခါမှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းပို့သပါတယ်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

သီရိလင်္ကာနိုင်ငံသား ၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေး

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

နိုင်ငံခြားသား အကျဉ်းသား/သူ ၉၈ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေး

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

အကျဉ်းသား/အကျဉ်းသူ ၃၀၁၅ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

မြန်မာ့နှစ်ကူးမင်္ဂလာအချိန်မှစပြီး ကမ္ဘာသူ၊ ကမ္ဘာသားများနဲ့ မြန်မာပြည်သူအပေါင်း နှလုံးစိတ်ဝမ်း အေးချမ်းသာယာကြပါစေ။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

ဒီကနေ့ဟာ ၁၃၈၄ ခုနှစ် ကုန်ဆုံးလို့ ၁၃၈၅ ခုနှစ် မြန်မာနှစ်သစ် အခါသမယပဲဖြစ်ပါတယ်။ အခုလို မင်္ဂလာရှိလှတဲ့ မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာ အခါသမယမှာ ဆရာတော်အနေနဲ့ နှစ်သစ်မင်္ဂလာနှစ်ဦး ဆုမွန်ပတ္ထနာပြုပေးပါမယ်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

​​​​​​​ဦးဝဏ္ဏ (ဗုဒ္ဓဘာသာ) ဥက္ကဋ္ဌ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) မြန်မာလူမျိုးတို့ရဲ့ နှစ်ဟောင်းကြွေပျောက် နှစ်သစ်ရောက်တဲ့ အခါသမယမှာ သွေးသားရင်းချာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ၊ နိုင်ငံသူ နိုင်ငံသားတွေ၊ ကမ္ဘာသူ၊ ကမ္ဘာသားတွေအားလုံး မင်္ဂလာ နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းရင်း နှုတ်ခွန်းဆက်ပါတယ်၊၊

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ မန်းတောင်ရိပ်အထွေထွေရောဂါကုသဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူသီတင်းသုံးတော်မူနေသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ ကျန်းမာရေးတိုးတက်ကောင်းမွန်နေမှုအခြေအနေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးကျော်ဆန်းတို့က ယမန်နေ့ညနေပိုင်း၌ သွားရောက်ဖူးမြော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှစ်ဟောင်း ကုန်လွန်၍ ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိသည်၊၊

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

(၁၅) ကြိမ်မြောက် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 18, 2023

အကျင့်ကောင်းလျှင် အားလုံးကောင်းမည်။ ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်ဟု ဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၁၃၈၅ ခုနှစ်ဟု ဆိုအပ်သော မြန်မာ့နှစ်သစ်သို့ရောက်ရှိသည့် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်ပေသည်။

ဆက်လက်ဖတ်ရှုရန်