Apr 23, 2023
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် စေတနာရှင်အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရွှေလီဧည့်ခန်းမဆောင်၌ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
Apr 23, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Apr 23, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၂-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၃-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၀၇၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၄၅) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၇၄) ရာခိုင်နှုန်း ရှိပါသည်။
Apr 23, 2023
အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန် နှင့် ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်ရည်ရွယ်ချက်ဖြင့် ရဟန်း သံဃာများ၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။
Apr 23, 2023
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် အရိန္ဒမာခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ဖွဲ့ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် မိသားစုဝင် စုစုပေါင်း ၂၆၀ တို့ကို ယနေ့ နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု နယ်လှည့်ကွင်းဆင်း ဆေးကုသ ရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်း ၂၈ ဦးတို့က သွားဖာခြင်း၊ သွားနှုတ်ခြင်းနှင့် သွားနှင့်ခံတွင်း သန့်ရှင်းရေး ပြုလုပ်ပေးခြင်းတို့ကို အခမဲ့ကုသပေးသည်။
Apr 23, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကကျင်းပသော ဒုတိယအကြိမ် သုံးဆယ့်ရှစ်ဖြာမင်္ဂလာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ် (၃၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 23, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့အနီးမှ ဖြတ်သန်းသွယ်တန်း တည်ဆောက်ထားသည့် ၂၃၀ ကေဗွီ ဘဲလင်း-အုန်းတော မဟာဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် ၆၇၊ ၆၈နှင့် ၆၉ တာဝါတိုင်သုံးတိုင် ဧပြီ ၂၀ ရက်တွင် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် ပြိုလဲ ပျက်စီးသွားခဲ့သဖြင့် ပြန်လည်ပြုပြင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Apr 23, 2023
မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ခွင်၌ သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့နေရသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်းသည် ပုံမှန်ရာသီဥတုဖြစ်စဉ်မှ ပုံမှန် မဟုတ်သော အစွန်းထွက်ရာသီဥတုဖြစ်စဉ်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်းမှာ သစ်တောသစ်ပင်များပြုန်းတီးလာခြင်းနှင့် စက်မှု၊ သိပ္ပံ၊ နည်းပညာ၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာခြင်းက အဓိကအကြောင်းရင်းဖြစ်သည်။
Apr 23, 2023
၂၁ ရာစုဦးပိုင်းမှစတင်၍ ရာသီဥတုပြောင်းလဲမှုများ ကမ္ဘာတစ်ဝန်းလုံးတွင် သိသာထင်ရှားစွာ ဖြစ်ပေါ်လာခဲ့ရာ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ပုံမှန်မဟုတ်သော ရာသီဥတုအခြေအနေများနှင့် ဖြစ်စဉ်များကို ကြုံတွေ့လာခဲ့ကြရသည်။ ရာသီဥတု ပြောင်းလဲမှုဟုဆိုရာတွင် ကောင်းသောပြောင်းလဲမှုထက် ဆိုးသော ပြောင်းလဲမှုကပိုမိုများပြားပြီး သဘာဝဘေးအန္တရာယ်များ အရေအတွက်အားဖြင့် ပိုမိုဖြစ်ပေါ်လာသလို ပိုမို၍လည်း ပြင်းထန်လာသည်ဟု မိုးလေဝသပညာရှင်များက ပြောဆို သည်။
Apr 22, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Apr 22, 2023
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်း၌ ယနေ့နံနက် ၁ နာရီခန့်တွင် လေပြင်းတိုက်ခိုက်မှုကြောင့် အဆိုပါမြို့နယ်အတွင်းရှိ ရပ်ကွက် (၉) ရပ်ကွက်နှင့် ကျေးရွာ (၉၄) ရွာတို့မှ နေအိမ် ၆၃၈ လုံး၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ လျှပ်စစ်မီးတိုင် ၉ တိုင်၊ စေတီတော် ၂ ဆူ၊ ဌာနဆိုင်ရာရုံးအဆောက်အဦ ၂ လုံး၊ ဝန်ထမ်းအိမ်ရာ ၂ ခန်းနှင့်ရေစင် ၁ ခု နှင့် နတ်မောက်မြို့နယ်အတွင်းရှိ မြို့ပေါ်မှရပ်ကွက်(၇)ခုနှင့် ကျေးရွာ ၂၀ ခုတို့မှ နေအိမ် ၂၉၆ လုံးတို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
Apr 22, 2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး) ကလေး (၁) စီးအား ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာအချိန် ၀၆း၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ပေ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိပါသည်။
Apr 22, 2023
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဧပြီ ၂၁ ရက် ည ၆ နာရီ ၂၀ မိနစ်ခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အောင်မြင်ကုန်းကျေးရွာရှိ လူနေအိမ် ၁၅၅ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ကျေးလက်ဆေးပေးခန်း ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် တံတားဦးကျေးရွာရှိ လူနေအိမ် ၇၇ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၁၁၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။
Apr 22, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၁-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၃,၆၁၉) ခုအား စစ်ဆေးပြီးစီး ခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၄၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့ အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃၄) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄၆) ဦးအနက် (၁၉) ဦး၊ (၄၁.၃) ရာခိုင်နှုန်းမှာ ပြည်ပမှ ဝင် ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၂၇) ဦး၊ (၅၈.၇) ရာခိုင်နှုန်းမှာ ပြည် တွင်းတွင် ကူးစက်ဖြစ်ပွားသူများဖြစ်ပါသည်။
Apr 22, 2023
နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးတင်ဦးလွင်သည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စစ်ပေါ်ပီမိုကန်ချနာလတ် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Apr 22, 2023
တစ်ဧကချင်း၏ ထုတ်လုပ်မှုတိုးတက်ရေးနှင့် အရည်အသွေးမြင့်သီးနှံများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် ရာသီအလိုက် ရေမြေဒေသအလိုက် အရည်အသွေး ပိုမိုကောင်းမွန်သော မျိုးစေ့ပျိုးပင်များ ထုတ်လုပ်ခြင်း၊ စိုက်ပျိုးမှုစနစ်ဆိုင်ရာ အသုံးချသုတေသနများ ဆောင်ရွက်ခြင်းလုပ်ငန်းများတွင် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်လုပ်ကိုင် လာစေရေး အသိပညာပေးစည်းရုံး ဆောင်ရွက်ကြစေလိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ယမန်နေ့တွင်မကွေးမြို့ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ဒေသသုတေသနဗဟိုခြံ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဆွေးနွေးမှာကြားသည်။