Skip to main content

Apr 22, 2023

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး) ကလေး (၁) စီးအား ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာအချိန် ၀၆း၃၀ နာရီတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ပေ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဧပြီ ၂၁ ရက် ည ၆ နာရီ ၂၀ မိနစ်ခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အောင်မြင်ကုန်းကျေးရွာရှိ လူနေအိမ် ၁၅၅ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ကျေးလက်ဆေးပေးခန်း ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် တံတားဦးကျေးရွာရှိ လူနေအိမ် ၇၇ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၁၁၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၁-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၄-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၃,၆၁၉) ခုအား စစ်ဆေးပြီးစီး ခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၄၆) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့ အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃၄) ရာခိုင်နှုန်း ရှိပါသည်။ ယနေ့တွေ့ရှိသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄၆) ဦးအနက် (၁၉) ဦး၊ (၄၁.၃) ရာခိုင်နှုန်းမှာ ပြည်ပမှ ဝင် ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး (၂၇) ဦး၊ (၅၈.၇) ရာခိုင်နှုန်းမှာ ပြည် တွင်းတွင် ကူးစက်ဖြစ်ပွားသူများဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးတင်ဦးလွင်သည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စစ်ပေါ်ပီမိုကန်ချနာလတ် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

တစ်ဧကချင်း၏ ထုတ်လုပ်မှုတိုးတက်ရေးနှင့် အရည်အသွေးမြင့်သီးနှံများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် ရာသီအလိုက် ရေမြေဒေသအလိုက် အရည်အသွေး ပိုမိုကောင်းမွန်သော မျိုးစေ့ပျိုးပင်များ ထုတ်လုပ်ခြင်း၊ စိုက်ပျိုးမှုစနစ်ဆိုင်ရာ အသုံးချသုတေသနများ ဆောင်ရွက်ခြင်းလုပ်ငန်းများတွင် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်လုပ်ကိုင် လာစေရေး အသိပညာပေးစည်းရုံး ဆောင်ရွက်ကြစေလိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ယမန်နေ့တွင်မကွေးမြို့ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ဒေသသုတေသနဗဟိုခြံ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်ဖော်ထုတ်သည့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ကျင်းပရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးလုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းခုတ်ဒေသတွင် တည်ဆောက်လျက်ရှိသည့် ၆၆/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ မိုင်းခုတ်ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်မည့်နေရာတို့ကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၂၁) ဖိုးစိန်လမ်းမကြီးရှိ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သမ္မတနိုင်ငံသံရုံး ၌ ၂၀၂၃ ခုနှစ် ဧပြီ ၁၈ ရက်တွင် ကွယ်လွန်သွားသည့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း Honorable Albert F. Del Rosario အတွက် ဖွင့်လှစ် ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်၌ သွားရောက်လက်မှတ်ရေးထိုးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးသည် ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာနက ဖွင့်လှစ်လျက်ရှိသည့် ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်း ခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ တွင် လမ်းညွှန်ပို့ချသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၏အကြံပေး ပုဂ္ဂိုလ် မစ္စစ်ပေါ်ပီမိုကန်ချနာလတ်ကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

နှစ်စဉ်မေလမှ စက်တင်ဘာလအထိကာလများသည် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ သောက်သုံးရေ ပြတ်လပ်ခြင်းတို့ ကြုံတွေ့ခံစားရလျက်ရှိသဖြင့် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် သောက်သုံးရေသန့်ယာဉ် အကောင်အထည်ဖော်နိုင်ရန် နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သုတေသနယာဉ်အဖြစ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 ကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံတွင် ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့်ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

ကမ္ဘောဒီးယားနိုင်ငံ၌ မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ဇွန် ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည့် (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ အထိမ်းအမှတ်မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ယူခြင်း အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ် ရိပ်သာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai ကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသောနိုင်ငံဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာကို အများစု ကိုးကွယ်ယုံကြည်ဆည်းကပ်ကြပြီး ကံ၊ ကံ၏ အကျိုး၊ ကောင်းမှု၊ မကောင်းမှုအကျိုးများကို ယုံကြည်လက်ခံလိုက်နာကျင့်သုံးခဲ့ကြသောနိုင်ငံဖြစ်သည်။ သူတစ်ပါး၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နစ်နာ စေခြင်း၊ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာများကို ခိုးဝှက်ခြင်း၊ လုယူခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာကျင့်ခြင်း၊ လိမ်လည်လှည့်စားခြင်း၊ မူးယစ်ဆေးဝါးတို့ကို သယ်ဆောင်သုံးစွဲခြင်း စသည်တို့သည် တရားဥပဒေကိုချိုးဖောက်သည့် ဒုစရိုက်အမှုများ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2023

မိမိတို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် လူငယ်များ အင်တာနက်ဂိမ်းအလွန်အကျွံ ကစားခြင်းနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ကြောင်း မီဒီယာများတွင် တွေ့ရှိရသည်။ လူငယ်များအကြား ဂိမ်းစွဲလမ်းမှုပြဿနာမှာ စိုးရိမ်ဖွယ်ရာ ဖြစ်လာရသည့် အခြေအနေတွင် အသက် ၁၈ နှစ်အောက် လူငယ်များကို ရက်သတ္တပတ်၏ နောက်ဆုံးရက်ဖြစ်သော သောကြာနေ့နှင့် စနေ၊ တနင်္ဂနွေနေ့တို့တွင် တစ်ရက်လျှင် တစ်နာရီနှုန်းဖြင့် တစ်ပတ်လျှင် သုံးနာရီထက်ပို၍ ဂိမ်းမကစားရန်အတွက် နည်းပညာဖြင့် ထိန်းချုပ်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2023

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွဲပြောင်းပေးအပ်လျက်ရှိပြီး ယနေ့နေ့လယ်ပိုင်းတွင်လည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်း အခမ်းအနားကိုပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူးဗိုလ်ချုပ်သန်းထိုက်နှင့် တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်