Skip to main content

Jul 16, 2026

သတ်မှတ်ထားသည့် ကျောင်းအင်္ဂါရပ်၊ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့် ပုဂ္ဂလိကကျောင်းအချို့ကို ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ယခုပညာသင်နှစ်ကို ပြင်ဆင်ချိန်အဖြစ် သတ်မှတ်ပေးထားသည့်အတွက် လာမည့်ပညာသင်နှစ်တွင် ပြင်ဆင်မှုများ ပြီးစီးနေရမည်ဖြစ်ကြောင်း၊ ကျောင်းများဖွင့်လှစ်ရာတွင် သတ်မှတ်ထားသော စာသင်ခန်းအရေအတွက်၊ ကျောင်းဧရိယာအကျယ်အဝန်းများ ကိုက်ညီရန်လိုအပ်ကြောင်း ဇူလိုင် ၁၃ ရက်ကပြုလုပ်သည့် ကိုယ်ပိုင်  သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကောလိပ်များ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများ၊ အမျိုးသားသင်ရိုးသင်ကျောင်းများ၏ ကိုယ်စားလှယ်များတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌ချောချောစိန်က ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်ခြင်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစက်ရုံ၌ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်မဲခရိုင်နှင့် သီပေါမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယနေ့တွင် ချင်းပြည်နယ် ဖလမ်းမြို့ မြို့တော်ခန်းမ၌ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ကော်မတီဝင်များနှင့်အတူ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူ ၂၃၃ ဦးအတွက် ဆန် ၇၂ အိတ်နှင့် ဆီ ၂၇၃ ပိဿာ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ အဝင်ခရီးသည်များအနေဖြင့် သယ်ဆောင်လာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် နေရောင်ခြည်စွမ်းအင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

အဆင့်မြင့်ပညာကဏ္ဍ သင်ကြား၊ သင်ယူမှုစနစ် သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy ပင်မဆောင်ရှိ ဘက်စုံသုံးခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၏ (၄၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့တွင် မိတ္ထီလာမြို့အောင်ဆန်းခန်းမ၌ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းလူတက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး ဝန်ထမ်းများအား နှစ်ပတ်လည်နေ့အထိမ်းအမှတ် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ် (I-20) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရုံးပရိဝုဏ်အတွင်း၌ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးအတွက် “နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ” အား ပညာရေးဝန်ကြီးဌာနက ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

၁။ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ နေပြည်တော်ရုံး၊ ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)၊ ခရိုင်ရုံး (ရန်ကုန်အနောက်ပိုင်း)၊ ခရိုင်ရုံး (ရန်ကုန်တောင်ပိုင်း)နှင့် ခရိုင်ရုံး (ရန်ကုန်မြောက်ပိုင်း)၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း)နှင့် ခရိုင်ရုံး (မန္တလေးမြောက်ပိုင်း) ရုံးများတွင် ယာဉ်မောင်းလိုင်စင်ဝန်ဆောင်မှုလုပ်ငန်းများ၏ ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေးချေခြင်းနှင့် Online စနစ်ဖြင့် “ခ”၊ “ဂ”၊ “ဃ”၊ “င” ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းအား Online စနစ်ဖြင့် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀ အတွင်း ကြိုတင်သက်တမ်းတိုးခြင်းအား ၁၇-၇-၂ဝ၂၆ ရက် (သောကြာနေ့)မှစတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

၁။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၀၄:၀၀ အချိန်မှ အခမ်းအနားပြီးစီးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ရွှေဂုံတိုင်လမ်းအား ဓမ္မစေတီ-ရွှေဂုံတိုင်လမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘိုလမ်းအထိလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံထိလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားပါမည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာအခြေခံသည့် နိုင်ငံဖြစ်သလို ဗြဟ္မစိုရ်တရားထွန်းကားသည့် နိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာအဆုံးအမဖြစ်သည့် သင်္ဂဟတရားနှင့်အညီ သူတစ်ပါးအပေါ် ချီးမြှင့်ထောက်ပံ့လေ့ရှိသည်။ သင်္ဂဟတရားထွန်းကားသည့် လောကကြီးသည် ငြိမ်းချမ်းသာယာ၏။ အခြေအနေအားလျော်စွာ သင်္ဂဟတရား ကျင့်သုံးသူတို့သည် စိတ်ချမ်းသာ၏။ တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြရာတွင် သင်္ဂဟတရားသည် အလွန်အရေးကြီး၏။ သင်္ဂဟတရားလေးပါးဖြစ်သည့် ဒါန-ပေးကမ်းချီးမြှင့်ထောက်ပံ့ခြင်း၊ ပေယျဝဇ္ဇ-ချစ်ဖွယ်စကားဖြင့် ချီးမြှင့်ခြင်း၊ အတ္ထစရိယာ-သူ့အကျိုးပြီးမြောက်အောင်ဆောင်ရွက်ခြင်း၊ သမာနတ္တတာ-ကိုယ်နှင့်ထပ်တူ ချီးမြှင့်ခြင်းတို့သည် လောကမင်္ဂလာတရားများဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

​​​​​​​မြန်မာနိုင်ငံသည် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကြီးမားသည့်နိုင်ငံဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လူမှုစီးပွားဘဝများအတွက် လျှပ်စစ်ဓာတ်အားသည် မရှိမဖြစ်အရေးပါသည့်အလျောက် ရာနှုန်းပြည့် ဖြည့်ဆည်းနိုင်သည်အထိ နိုင်ငံတော်က နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2026

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက်အလေးထား ဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terrorism Operation) များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာ နယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လင်ကျစ်မြို့၌ကျင်းပမည့် ပဉ္စမအကြိမ်မြောက် တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(တိဘက်)၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးမစ္စမာကျားနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2026

ရမည်းသင်းမြို့နှင့် ပျော်ဘွယ်မြို့တို့၌ ငွေကျပ် ၃ ဒသမ ၇၁၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၃ ဒသမ ၄ သိန်းကျော်နှင့် ဘိန်းဖြူ ၈ ဒသမ ၁၄ ကီလိုဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်