၁။ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ နေပြည်တော်ရုံး၊ ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)၊ ခရိုင်ရုံး (ရန်ကုန်အနောက်ပိုင်း)၊ ခရိုင်ရုံး(ရန်ကုန်တောင်ပိုင်း)နှင့် ခရိုင်ရုံး (ရန်ကုန်မြောက်ပိုင်း)၊ ခရိုင်ရုံး(မန္တလေးတောင်ပိုင်း)နှင့် ခရိုင်ရုံး (မန္တလေးမြောက်ပိုင်း)ရုံးများတွင် ယာဉ်မောင်းလိုင်စင်ဝန်ဆောင်မှု လုပ်ငန်းများ၏ ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေး ချေခြင်းနှင့် Online စနစ်ဖြင့် “ခ”၊ “ဂ”၊ “ဃ”၊ “င” ယာဉ်မောင်း လိုင်စင်သက်တမ်းတိုးခြင်းအား Online စနစ်ဖြင့် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀ အတွင်း ကြိုတင်သက်တမ်းတိုးခြင်းအား ၁၇-၇-၂ဝ၂၆ ရက် (သောကြာနေ့)မှစတင်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
၂။ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းကို Online မှ ဝန်ဆောင်မှုရယူလိုသူများသည် မိမိတို့ Mobile Phone/ Tablet အသုံးပြု၍ MM Driver License E-Payment Mobile Application အား Google Play Store မှတစ်ဆင့် download ရယူသုံးစွဲနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
၃။ အဆိုပါစနစ်နှင့်ပတ်သက်၍ အသုံးပြုရန် အသေးစိတ်အချက် အလက်များအား www.mot. gov.mm၊ www.rtad.gov.mm နှင့် www.myanmarrtad.comWebsite များတွင် ဝင်ရောက်ကြည့်ရှု နိုင်ပြီး မရှင်းလင်းသည်များရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-
• ရုံးချုပ်(နေပြည်တော်) ၀၆၇-၃၄၀၅၀၉၉
• နေပြည်တော်ရုံး ၀၆၇-၄၅၁၀၀၆၂၊ ၀၆၇-၄၅၁၀၀၆၄
• တိုင်းဒေသကြီးရုံး(ရန်ကုန်) ၀၉-၉၅၄၉၂၁၀၀၀
• တိုင်းဒေသကြီးရုံး(မန္တလေး) ၀၉-၄၃၀၉၆၉၈၀
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
