Skip to main content

Jul 26, 2024

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးတက်ရောက်ရန် နေပြည်တော်၌ ရောက်ရှိနေသည့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအား ယနေ့တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်သည် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ရန်ကုန်) မှ တာဝန်ရှိသူများ ပါဝင်သော လေ့လာရေးအဖွဲ့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲစိုက်ကွင်း၌ ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားသည့် သီးနှံအထွက်နှင့် ဆီထွက်ရာခိုင်နှုန်း မြင့်မားပြီး စာသုံးဆီအရည်အသွေး ကောင်းမွန်သော ပဲပုပ်မျိုး ခုနစ်မျိုး၏ သုတေသန စမ်းသပ်ကွက်ကို သွားရောက်ကြည့်ရှုလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်၊ ဒုတိယကျောင်းအုပ်၊ ဝန်ထမ်းများ၊ နည်းပြများ၊ သင်တန်းသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် မြန်မာနိုင်ငံမှ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ် Mr. Stephen Anderson နှင့်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဂျပန်-မြန်မာ-အောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း (JMASVTI) တို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီပထမကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ကျင်းပရာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဘာသာရပ်ဆိုင်ရာပညာရှင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိစဉ် ဇူလိုင် ၂၄ ရက်က SPIC Yunnan International Power Investment Corporation သို့ သွားရောက်လေ့လာကြရာ မြန်မာကိုယ်စားလှယ်အဖွဲ့အား SPIC ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ ဝူကျီးချွင်က ကြိုဆိုနှုတ်ဆက်ပြီး ၎င်းတို့ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်ရှင်းလင်းသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေး (4th BIMSTEC National Security Chiefs’ Meeting) သို့ တက်ရောက်ရန် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ဘင်းမ်စတက်လုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ဇနီးများနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိစဉ် ဇူလိုင် ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီက တျန်းချီ (Dianchi) အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာရှိ အစည်းအဝေးခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (၁၄) ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက်အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာ တင်းကျုံ့လီ ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 26, 2024

ပြည်ထဲရေးဝန်ကြီးဌာန ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်