Skip to main content

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ ကျောင်းသား ကျောင်းသူများနှင့် လူရည်ချွန်ဆုရရှိသူများ နေပြည်တော်ရှိ အထင်ကရနေရာများသို့ လေ့လာ

နေပြည်တော် ဇူလိုင် ၂၅

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာကြသည်။

ဦးစွာ ထူးချွန်ဆုရ စစ်သည်များ၊ ကျောင်းသား ကျောင်းသူများကို ပြတိုက်တာဝန်ရှိသူများက ပြတိုက်သမိုင်း၊ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက်ပြခန်း၊ ပြကွက်များ ပြသထားမှုကို ရှင်းလင်းပြောကြားပြီး ထူးချွန်ဆုရစစ်သည်များနှင့် ကျောင်းသား ကျောင်းသူများသည် ပြတိုက်အတွင်း စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြသည်။ ထို့နောက် သူရဲကောင်းဗိမာန်သို့ သွားရောက်လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်