Jul 26, 2024
အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့လှူဒါန်းစေရန်၊ လူငယ်လူရွယ်များ၏ မသိစိတ်များအတွင်း တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်နှင့် တော်လှန်လိုစိတ်တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် NUG ၊ CRPH လက်အောက်ခံအကြမ်းဖက် အဖွဲ့အစည်းများက PDF Game Application များ တီထွင်ဖန်တီးအသုံးပြုလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် PDF Game ဆော့ကစားခြင်းသည် အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။
Jul 26, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 26, 2024
နေပြည်တော်ကောင်စီ အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် အခွန်အခကောက်ခံရရှိသည့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်း၌ ကျင်းပသည်။
Jul 26, 2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ ကျင်းပသည်။
Jul 26, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ရုံးသို့ရောက်ရှိပြီး ဝန်ကြီးဌာနအောက်ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Jul 26, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ခင်လူးကျေးရွာရှိ ရွှေညောင်ပင် နို့စားနွားမွေးမြူရေး သမဝါယမအသင်းသို့ သွားရောက်ပြီး နို့စားနွားမွေးမြူသူအသင်းသားများနှင့် တွေ့ဆုံသည်။
Jul 26, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Imran Haider ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 26, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာစီပီ မွေးမြူရေးလီမိတက်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပညာပေးရေးနှင့် သုတေသနလုပ်ငန်းများ ပံ့ပိုးမှုဆိုင်ရာ နို့စားနွားမွေးမြူရေးခြံ ထူထောင်ဆောင်ရွက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Jul 26, 2024
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးပြည်သူများ စဉ်ဆက်မပြတ် လာရောက်နေရာ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးမြို့တို့မှ လာရောက်သူပိုမိုများပြားကြောင်း ဒေသခံများထံ မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
Jul 26, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။