Skip to main content

တရားမဝင်သစ်မျိုးစုံ၊ ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆိုင်ကယ်နှင့် ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် ဇူလိုင် ၂၄

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာတားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာဇူလိုင် ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ကိုရီးယားစာတန်းပါ အကိုက်အခဲ ပျောက်ဆေးဘူး ၂၅ ဘူးနှင့် ဆေး ကတ် ၁၁၉၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၆၆၀၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးနှင့် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Smart အမွှေးဆီ ထုပ် ၅၀၄၀၊ အိန္ဒိယနိုင်ငံထုတ် Unbleached Woven Cotton Fabric Plain ကီလိုဂရမ် ၇၅၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၉၉၆၅၆၆)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunlong Bus တစ်စီးနှင့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀)ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် ဂျပန် နိုင်ငံထုတ်စက်ဘီး (Used) အစီး ၂၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Hino Ranger Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၂၄၅၆၅၆၆ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင် ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအနောက်ရပ်ကွက်၌ ကျန်းမာရေးဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများဖြစ်သည့် Dano Inj (Tetanus Vaccine IP) (၁၈၈) Ampoules၊ Alburel Inj (Human normal Albumin IP) (၉) Vial အပါအဝင် ဆေးပစ္စည်း ၁၅ မျိုးနှင့် Samsung လက်ကိုင်ဖုန်းနှစ်လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၄၉၉၀၀၀) ကိုလည်းကောင်း၊ ချမ်းအေးသာစံအလယ် ရပ်ကွက် ၈၄ လမ်းနှင့် ၂၇ လမ်းထောင့်၌ ယာဉ်တစ်စီးပေါ်မှ ကျန်းမာရေးဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများဖြစ်သည့် Pantoprazole For Injection ဘူး ၃၀၀၊ Dextro Tablets ကတ် ၁၅၀ အပါအဝင် ဆေးဝါးခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၃၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၃၂၂၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင် ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀) ကို သိမ်းဆည်း ရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် ဇူလိုင် ၂၃ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ ဆင်ဖြူဂိတ် အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ ပစ္စည်းများဖြစ်သည့် Forgo Maintenance Free Battery ရှစ်လုံး၊ Vivo Phone Battery အလုံး ၂၀၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၂၀၀၀၀ ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင် ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင်သစ်မာ ၂ ဒသမ ၃၂၈ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၈၃၀၄၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၌ လိုင်စင်မဲ့ Mitsubishi Pajero ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀) ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဝေါမြို့နယ်ကန်တော် ရပ်ကွက် ကာယသုခလမ်း အမှတ် (၂၁၆)၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် ပုဇွန်နှစ်ကောင် စားအုန်းဆီငါးလီတာ ပါ ၁၉၆ ဘူးအပါအဝင် ကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၄၃၀၀၀)နှင့် Honda Scoopy 110 ဆိုင်ကယ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၂၂၆၀၄၀ ကို သိမ်းဆည်းအရေး ယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစု ပေါင်းမှာ အမှုတွဲ ၁၆ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉၃၂၄၆၀၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ် မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်