နေပြည်တော် ဇူလိုင် ၂၇
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများအစည်းအဝေး (4th BIMSTEC National Security Chiefs’ Meeting) တက်ရောက်ပြီး ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် နှင့် ၎င်းတို့၏ ဇနီးများ၊ အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြသည်။
ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ အဖွဲ့ဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ၊ ဘင်းမ်စတက်အတွင်းရေးမှူးချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ အဖွဲ့ဝင်များသည် ရန်ကုန်မြို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာသွားကြကြောင်း သိရသည်။
သတင်းစဉ်