Aug 05, 2024
MNDAA အကြမ်းဖက်ပူးပေါင်းအဖွဲ့ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ပတ်သက်တဲ့ သဘောတူညီချက်ကို ချိုးဖောက်ပြီး ဇူလိုင်လ ၃ ရက်နေ့မှာ လားရှိုးကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ စတင်တိုက် ခိုက်ကတည်းက စစ်ရေးနဲ့မဆိုင်တဲ့သာမန်အရပ်သားပြည်သူတွေ နေတဲ့နေရာတွေကိုပါ ရှော့တိုက်ဒုံးတွေ ဒရော့ဗုံးများ ရာနဲ့ချီပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ သာမန်အရပ်သား ပြည်သူရာနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက် ရာမှာစိတ်ကိုပြောင်းလဲစေတဲ့ မူးယစ်ဆေးများသုံးစွဲပြီး တိုက်ခိုက်ခဲ့တာကိုလည်းတွေ့ရပါတယ်။
Aug 05, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဩဂုတ် ၂ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ကယားပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှ ယာယီတွဲဖက်ထားသော ဝန်ကြီးဌာနအောက်ဝန်ထမ်းများနှင့် တွေ့ဆုံကာ မိသားစုများ နေထိုင်ရေး၊ သားသမီးများ၏ ပညာရေး၊ တာဝန်ထမ်းဆောင်မှုအခြေအနေများနှင့် တစ်ဦးချင်းအခက်အခဲများကို မေးမြန်း၍ လိုအပ်သည်များ မှာကြားပြီး ဦးစီးဌာနအလိုက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
Aug 05, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 05, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက် ၈ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနေထိုင်သည့် ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီနေထိုင်မှုနှင့် ဝန်ထမ်းအိမ်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်မှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Aug 05, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၁ ရက်တွင် ပြည်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၁၅ ဒသမ ၇၅၆ တန်နှင့် သစ်မာ သုည ဒသမ ၁၉၀ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၁၃၄၈၀၀) ကိုလည်းကောင်း၊ သြဂုတ် ၂ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၃ ဒသမ ၇၁၂ တန်၊ အခြားသစ် ၂ ဒသမ ၈၄၉ တန် (ခန့်မှန်းတန်ဖိုးငွေ ၂၁၁၃၆၅၃ ကျပ်) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၉၂၄၈၄၅၃ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Aug 05, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်ဧရိယာအတွင်း ဆည်ကန်များ ရေသိုလှောင်ထားနိုင်မှုအခြေအနေနှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သီးနှံစိုက်ခင်းများကို ထိခိုက်စေနိုင်သည့် ရေအိုင်ခြင်း၊ ရေဝပ်ခြင်း၊ ရေနစ်မြုပ်ခြင်းများ မဖြစ်ပေါ်စေရန် ရေနုတ်မြောင်းများ ရှင်းလင်းတူးဖော်ခြင်းနှင့် ရိုးချောင်းများ ရေစီးရေလာကောင်းမွန်ရေးအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Aug 05, 2024
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက် မြနန္ဒာတိုက် ဗြဟ္မဝိဟာရဏဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား ယမန်နေ့က အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ပဲခူးမြို့နယ်အတွင်း မြစ်ရေကြီးမှု ပြန်လည်ကျဆင်းလာပြီဖြစ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Aug 05, 2024
ပဲခူးမြို့နှင့် ကျေးရွာများအတွင်း မြစ်ရေကြီးမှုများ ပြန်လည်ရေကျသွားပြီဖြစ်ရာ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 05, 2024
လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ (သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ် အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာ ဝေဖန်သည့် (သို့မဟုတ်) မလိုမုန်းထားမှုကို ဖော်ပြသည့်ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။